— – – သမီးတော်အပေါ် ဒေါ်စာဥ ချစ်ခင်ပုံနဲ့ ဒေါ်စာဥကို သမီးလေးတွေ ဂရုစိုက်လေးစားပုံက မြင်သူတွေ ဘဝင်ခိုက် …
YG Entertainmet ရဲ့ မိသားစုဝင်တွေဖြစ်တဲ့ 2NE1 အဖွဲ့ဝင် Dara နဲ့ BLACKPINK အဖွဲ့ဝင်တွေက ဆက်ဆံရေးဟာ အလွန်ချစ်စရာကောင်းပြီး ဒါတွေကို ကြည့်လိုက်မယ်ဆိုရင် နွေးထွေးမှုတစ်ခုကို ခံစားရမယ်လို့ ယူဆပါတယ်။
Lisa လေးအပေါ်ထားတဲ့ Dara ရဲ့ ချစ်ခြင်း
ဖိလစ်ပိုင်ဆိုတာ Dara ကြီးပြင်းရာဖြစ်ပြီး မနီလာမြို့ကတော့ သူမရဲ့ မြို့ဆိုရင်တောင် မမှားနိုင်ပါဘူး။ တစ်ခါတုန်းက မနီလာကို သွားလည်တဲ့ Dara ဟာ လမ်းပေါ်မှာ ကြီးမားတဲ့ Lisa ရဲ့ Billboard ကြော်ငြာကို ရိုက်ကူးကာ သူမရဲ့ IG Story မှာ တင်ခဲ့ပြီး Lisa ကို ဘယ်လောက် ချစ်ကြောင်း ပြသခဲ့တာပါ။
Dara ကို ပန်းစည်းသွားပေးတဲ့ Jisoo
Jisoo ဟာ Dara ရဲ့ ရုပ်ရှင် One-Step premiere ပွဲကို တက်ရောက်ခဲ့ပြီး Dara ကို ပန်းစည်းဆက်ခဲ့ပါတယ်။ ပြီးတော့ Jisoo က “#OneStep movie premiere မှာ Dara Unnie ကို surprise သွားလုပ်တာ။ Dara Unnie က ကျွန်မတို့ကို အရမ်းချစ်ပြီး အမြဲဂရုစိုက်တယ်။ ရုပ်ရှင်မှာ Dara Unnie အရမ်းမိုက်တယ်။ Dara Unnie က အကောင်းဆုံးပါ”လို့ ဆိုခဲ့ပါတယ်။
Dara ကလည်း “Aaaagh so pretty~~~ Jisoo က ကျွန်မကို လာတွေ့တယ်။ ကျေးဇူးပါ Cutie”ဆိုပြီး သူမရဲ့ IG မှာ ရေးတင်ခဲ့တာပါ။
မမ ဝယ်ပေးမှာပေါ့ Jennie
Dara တင်ဆက်တဲ့ Get it Beauty အစီအစဉ်မှာ BLACKPINK အဖွဲ့ ပါဝင်ခဲ့တုန်းက Jennie က သူမဟာ နိုင်ငံခြားက အရေစိုနှုတ်ခမ်းနီကို အွန်လိုင်းကတစ်ဆင့် မှာခဲ့ပြီး တကယ်တမ်းရောက်လာတဲ့အခါမှာတော့ အတု ဖြစ်နေလို့ ဝမ်းနည်းခဲ့ရကြောင်း ဆိုပါတယ်။ အဲဒီအခါ Dara က ငါ နိုင်ငံခြားသွားတဲ့အခါ လက်ဆောင် ဝယ်လာခဲ့ပါမယ်ဆိုပြီး Jennie ကို ကတိပေးခဲ့တာပါ။
Dara နဲ့ Park Bom ရဲ့ “First Snow” ကို ပရိုမိုရှင်းလုပ်ပေးခဲ့တဲ့ Jennie
၂၀၁၉ တုန်းက Dara နဲ့ Park Bom ရဲ့ “First Snow” သီချင်းတစ်ပုဒ်ကို ထုတ်ဝေခဲ့ပါတယ်။ အဲဒီသီချင်း ထွက်ထွက်ချင်းမှာပဲ Jennie ဟာ သူမရဲ့ IG Story မှာ အဲဒီသီချင်းကို တင်ခဲ့ပြီး အားပေးခဲ့တာပါ။ အဲဒါကို ပရိသတ်တွေကလည်း အရမ်းသဘောကျခဲ့ကြပါတယ်။
ကလေးတွေကို အရမ်းချစ်တဲ့ Dara
BLACKPINK အဖွဲ့ ပွဲမထွက်ခင်တုန်းက နာမည်ကျော် ဇာတ်လမ်းတွဲ The Producers မှာ Dara ဟာ YG က ဂျူနီယာတွေ ဖြစ်တဲ့ WINNER အဖွဲ့ဝင် Seungyoon၊ BLACKPINK အဖွဲ့ဝင် Jisoo တို့နဲ့ အတူ ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့တာပါ။ အဲဒီဇာတ်လမ်းတွဲ ရိုက်ကူးနေတုန်း Dara က Seungyoon၊ Jisoo တို့နဲ့အတူ ရိုက်ကူးထားတဲ့ ဓာတ်ပုံတစ်ပုံကို သူူမရဲ့ IG မှာ တင်ခဲ့ပြီး “ကျွန်မရဲ့ အချောလေးတွေနဲ့အတူ”ဆိုပြီး ရေးတင်ခဲ့တာ ဖြစ်ပါတယ်။
— ဃဲ
Ref: SB