Celebrity

■ IU နဲ့ သူ့ရဲ့ Meme ပုံအပေါ် မင်းသား Kang Ha Neul ရှင်းလင်း

— – – IU ရဲ့လက်ချင်းချိတ်ဖို့ ကြိုးစားမှုကို ငြင်းဆန်ခဲ့တယ်လို့ ဝေဖန်ခံနေရတဲ့ Kang Ha Neul က အဖြစ်မှန်ကို …

နာမည်ကျော်မင်းသား Kang Ha Neul ဟာ လူမှုကွန်ရက်မှာ IU ရဲ့လက်ချင်းချိတ်ဖို့ ကြိုးစားမှုကို ငြင်းဆန်ခဲ့တဲ့ Kang Ha Neul ဆိုတဲ့ Meme ဓာတ်ပုံနဲ့ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့ပါတယ်။

Moon Lovers: Scarlet Heart Ryeo ဇာတ်လမ်းတွဲတုန်းက IU နဲ့ Kang Ha Neul တို့ သတင်းရှင်းလင်းပွဲတစ်ခုကို အတူ တက်ရောက်ခဲ့ပြီး သတင်းစာရှင်းလင်းပွဲ မစခင်မှာ ဓတ်ပုံသမားတွေ ဓာတ်ပုံရိုက်နိုင်အောင် ပို့စ်ပေးခဲ့ကြတာပါ။

အဲဒီမှာ IU က Kang Ha Neul ရဲ့လက်ကို ချိတ်ကို ကြိုးစားခဲ့ပေမဲ့ Kang Ha Neul ဟာ IU ကို ဂရုမစိုက်ဘဲ လက်ပိုက်ပြီး ပို့စ်ပေးခဲ့တာပါ။ အဲဒီဓာတ်ပုံတွေဟာ အခုအခါ လူမှုကွန်ရက်တွေမှာ ပြန်လည်ပျံ့နှံ့နေပြီး ပရိသတ်အချို့က Kang Ha Neul ကို ရိုင်းတယ်လို့ ဝေဖန်ခဲ့နေကြတာပါ။

MBC’s Radio Star အစီအစဉ်မှာတော့ အဲဒီအကြောင်းနဲ့ပတ်သက်ပြီး Host တွေက မေးမြန်းခဲ့ရာ Kang Ha Neul က IU နဲ့ သူ့ရဲ့ Meme ပုံအပေါ် ရှင်းပြခဲ့တာ ဖြစ်ပါတယ်။

Kang Ha Neul က “ဓာတ်ပုံရိုက်ခံရတာဟာ တစ်ခါတလေ ဖိအားများပါတယ်။ ဒါကြောင့် ပေါ့ပါးစေချင်လို့ရယ်၊ IU ကို စနောက်ချင်တာကြောင့်ရယ် အဲဒီလို လုပ်ခဲ့တာပါ။ အဲဒီပို့စ်အပြီးမှာ IU နဲ့ လက်ချင်းချိတ်ပြီး ရိုက်ခဲ့ပါသေးတယ်”လို့ ရှင်းပြခဲ့ပါတယ်။

Kang Ha Neul ရဲ့ ပြောစကား မှန်ကန်တယ်ဆိုတာကို အပေါ်က ပုံမှာ မြင်တွေ့နိုင်မှာဖြစ်ပြီး ဘာဖြစ်ဖြစ် ဝေဖန်လေ့ရှိတဲ့ K Netizen အချို့အတွက်တော့ Kang Ha Neul ရဲ့ ရှင်းလင်းမှုက သူတို့ကို အရှက်ရစေမှာပါ။

Source: Insight Korea

 

-Zawgyi

■ IU နဲ႔ သူ႕ရဲ႕ Meme ပုံအေပၚ မင္းသား Kang Ha Neul ရွင္းလင္း

— – – IU ရဲ႕လက္ခ်င္းခ်ိတ္ဖုိ႔ ႀကိဳးစားမႈကုိ ျငင္းဆန္ခဲ့တယ္လုိ႔ ေ၀ဖန္ခံေနရတဲ့ Kang Ha Neul က အျဖစ္မွန္ကုိ …

နာမည္ေက်ာ္မင္းသား Kang Ha Neul ဟာ လူမႈကြန္ရက္မွာ IU ရဲ႕လက္ခ်င္းခ်ိတ္ဖုိ႔ ႀကိဳးစားမႈကုိ ျငင္းဆန္ခဲ့တဲ့ Kang Ha Neul ဆုိတဲ့ Meme ဓာတ္ပုံနဲ႔ပတ္သက္ၿပီး ရွင္းလင္းေျပာၾကားခဲ့ပါတယ္။

Moon Lovers: Scarlet Heart Ryeo ဇာတ္လမ္းတဲြတုန္းက IU နဲ႔ Kang Ha Neul တုိ႔ သတင္းရွင္းလင္းပဲြတစ္ခုကုိ အတူ တက္ေရာက္ခဲ့ၿပီး သတင္းစာရွင္းလင္းပဲြ မစခင္မွာ ဓတ္ပုံသမားေတြ ဓာတ္ပုံ႐ုိက္ႏုိင္ေအာင္ ပုိ႔စ္ေပးခဲ့ၾကတာပါ။

အဲဒီမွာ IU က Kang Ha Neul ရဲ႕လက္ကုိ ခ်ိတ္ကုိ ႀကိဳးစားခဲ့ေပမဲ့ Kang Ha Neul ဟာ IU ကုိ ဂ႐ုမစုိက္ဘဲ လက္ပုိက္ၿပီး ပုိ႔စ္ေပးခဲ့တာပါ။ အဲဒီဓာတ္ပုံေတြဟာ အခုအခါ လူမႈကြန္ရက္ေတြမွာ ျပန္လည္ပ်ံ႕ႏွံ႔ေနၿပီး ပရိသတ္အခ်ဳိ႕က Kang Ha Neul ကုိ ႐ုိင္းတယ္လုိ႔ ေ၀ဖန္ခဲ့ေနၾကတာပါ။

MBC’s Radio Star အစီအစဥ္မွာေတာ့ အဲဒီအေၾကာင္းနဲ႔႔ပတ္သက္ၿပီး Host ေတြက ေမးျမန္းခဲ့ရာ Kang Ha Neul က IU နဲ႔ သူ႕ရဲ႕ Meme ပုံအေပၚ ရွင္းျပခဲ့တာ ျဖစ္ပါတယ္။

Kang Ha Neul က “ဓာတ္ပုံ႐ုိက္ခံရတာဟာ တစ္ခါတေလ ဖိအားမ်ားပါတယ္။ ဒါေၾကာင့္ ေပါ့ပါးေစခ်င္လုိ႔ရယ္၊ IU ကုိ စေနာက္ခ်င္တာေၾကာင့္ရယ္ အဲဒီလုိ လုပ္ခဲ့တာပါ။ အဲဒီပုိ႔စ္အၿပီးမွာ IU နဲ႔ လက္ခ်င္းခ်ိတ္ၿပီး ႐ုိက္ခဲ့ပါေသးတယ္”လုိ႔ ရွင္းျပခဲ့ပါတယ္။

Kang Ha Neul ရဲ႕ ေျပာစကား မွန္ကန္တယ္ဆုိတာကုိ အေပၚက ပုံမွာ ျမင္ေတြ႕ႏုိင္မွာျဖစ္ၿပီး ဘာျဖစ္ျဖစ္ ေ၀ဖန္ေလ့ရွိတဲ့ K Netizen အခ်ဳိ႕အတြက္ေတာ့ Kang Ha Neul ရဲ႕ ရွင္းလင္းမႈက သူတုိ႔ကုိ အရွက္ရေစမွာပါ။

Source: Insight Korea

You cannot copy content of this page