K pop

■ အဖွဲ့ထဲမှာ အဖေနဲ့ အမေကို BTS အဖွဲ့ဝင်တွေ ဖွင့်ဟခဲ့စဉ်က

— – – BTS အဖွဲ့ဝင်တွေက သူတို့အဖွဲ့ထဲက အဘိုးဖြစ်သူကိုပါ ဖွင့်ဟခဲ့တာပါ …

BTS အဖွဲ့ဝင်တွေဟာ ပွဲထွက်ခင်ကတည်းက တွေ့ဆုံခဲ့တာဖြစ်ပြီး သူတို့ဟာ နှစ်ပေါင်းများစွာ အတူဖြတ်သန်းခဲ့ကြပေမဲ့ လက်ရှိအချိန်အထိ အချင်းချင်း ချစ်ခင်ရင်းနှီးစွာနဲ့ အချစ်ဆုံးသူငယ်ချင်းတွေအဖြစ် ရှိနေတုန်းပါပဲ။

BTS အဖွဲ့ရဲ့ အစောပိုင်းနှစ်တွေတုန်းက အဖွဲ့ထဲမှာ အဖေက ဘယ်သူလဲလို့ မေးမြန်းခဲ့ရာမှာတော့ BTS အဖွဲ့ဝင်တွေက Suga ကို ရွေးချယ်ခဲ့ကြပြီး Suga ဟာ Dorm မှာ ပျက်တဲ့အရာကို အိမ်တစ်အိမ်မှာ ဖခင်ဖြစ်သူက ပြင်ပေးလေ့ရှိသလို၊ ပြင်ပေးလေ့ရှိတယ်လို့ ဆိုကြပါတယ်။

BTS အဖွဲ့ရဲ့ အမေကရော ဘယ်သူလဲလို့ အင်တာဗျူးသူ မေးမြန်းခဲ့ရာမှာတော့ အဖွဲ့ဝင်တွေက J-Hope ကို ရွေးချယ်ခဲ့ကြပြီး J-Hope က သူ့အနေနဲ့ Dorm မှာ အဖွဲ့ဝင်တွေကို မိခင်တစ်ယောက်က သားသမီးတွေကို ဆူသလို၊ ဆူပူမီတာကြောင့် ဖြစ်မယ်လို့ ဝန်ခံခဲ့ပါတယ်။

အဲဒီနောက်မှာတော့ BTS အဖွဲ့ဝင်တွေက သူတို့အဖွဲ့ထဲမှာ အဘိုးပါ ရှိတယ်လို့ နောက်ပြောင်ခဲ့ကြပြီး RM ဟာ BTS အဖွဲ့ရဲ့ အဘိုးဖြစ်တယ်လို့ ဆိုခဲ့ကြကာ RM ဟာ BTS အဖွဲ့မှာ လူကောင်အကြီးဆုံးဖြစ်တာကြောင့် အဲဒီလို ရွေးချယ်ရတာ ဖြစ်တယ်လို့ Jimin က ဆိုပါတယ်။

Ref: Koreaboo

 

-Zawgyi







Ref: Koreaboo

You cannot copy content of this page