K pop

■ ကိုရီးယားကို ဂုဏ်အတက်စေဆုံး အမျိုးသမီး K-Pop အဖွဲ့ (၇)ဖွဲ့

— – – TMI News ရဲ့ဖော်ပြချက်အရတော့ ဒီအဖွဲ့ (၇)ဖွဲ့ဟာ ကိုရီးယားရဲ့ …

TMI News က K-Pop သမိုင်းတစ်လျှောက် ကိုရီးယားကို ဂုဏ်အတက်စေဆုံး အမျိုးသမီး K-Pop (၇)ဖွဲ့ကို ရွေးချယ်ဖော်ပြခဲ့ပါတယ်။ သူတို့ရဲ့ လွှမ်းမိုးမှု၊ အောင်မြင်မှုတွေက ကိုရီးယားတွေကို ဂုဏ်တက်စေတယ်လို့ ဆိုပါတယ်။

7. Red Velvet


ပွဲထွက်ကတည်းက Dulatily Concept တွေကြောင့် Red Velvet ဟာ ကမ္ဘာ့အနှံပရိသတ်တွေရဲ့ ချစ်ခင်နှစ်သက်မှုကို ရရှိခဲ့ပါတယ်။ သူတို့ဟာ Cute, Sexy နှစ်မျိုးစလုံးနဲ့ ဆွဲဆောင်နိုင်ခဲ့ပြီး စွယ်စုံရအဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်။

 

6. Wonder Girls


Wonder Girls က ဖျက်သိမ်းပြီးသား အဖွဲ့ဖြစ်ပေမဲ့ အမေရိကဈေးကွက်ကို စဖောက်ခဲ့တဲ့ K-Pop အဖွဲ့ဖြစ်ပါတယ်။ Billboard Hot 100 စာရင်းဝင်ခဲ့တဲ့ ပထမဆုံး K-Pop အဖွဲ့ဖြစ်ပြီး ၂၀၀၇ ခုနှစ်ကတည်းက ဖြစ်ပါတယ်။

 

5. KARA


ဂျပန်အလွှမ်းဆုံးနိုင်ဆုံး K-Pop အဖွဲ့ဖြစ်ပြီး K-Pop အဖွဲ့တွေအတွက် ဂျပန်မှာ ပထမဆုံးလွှမ်းမိုးခဲ့သူတွေလို့တောင် ဆိုကြပါတယ်။ Tokyo Dome မှာ ပထမဆုံးဖျော်ဖြေခွင့်ရတဲ့ အမျိုးသမီး K-Pop အဖွဲ့ဖြစ်ပြီး ဂျပန်တွေရဲ့ အချစ်တော်တွေပါ။

 

4. TWICE


လက်ရှိ အမျိုးသမီး K-Pop အဖွဲ့တွေထဲမှာ Physical Album အရောင်းရဆုံးဖြစ်ပြီး တောင်ကိုရီးယားနဲ့ ဂျပန်မှာ အလွန်ကို အောင်မြင်တဲ့ အဖွဲ့ြ့ဖစ်ပါတယ်။ လက်ရှိမှာလည်း K-Pop ရဲ့ထိပ်တန်းအမျိုးသမီးအဖွဲ့အဖြစ် ဆက်လက်ရပ်တည်နေဆဲပါပဲ။

 

3. BLACKPINK


K-Pop အမျိုးသမီးအဖွဲ့တွေထဲမှာ ကမ္ဘာ့တစ်ဝန်းအကျော်ကြားဆုံးကို ပြပါဆိုရင်တော့ BLACKPINK ကိုပဲ ပြရမှာပါ။ ကမ္ဘာ့အနှံက ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားသလို၊ ပွဲထွက်ကတည်းက စံချိန်တွေ တောက်လျှောက် တင်လာရှိခဲ့တဲ့ BLACKPINK ဟာ သူတိုရဲ့ဂီတ၊ ဖက်ရှင်တွေနဲ့ အရမ်းကို ကျော်ကြားပါတယ်။

 

2. 2NE1


၂၀၁၆ မှာ တရားဝင်ဖျက်သိမ်းခဲ့ပေမဲ့ ပရိသတ်တွေကတော့ 2NE1 ကို မျှော်လင့်နေတုန်းပါပဲ။ လက်ရှိ K-Pop မှာ Trend ဖြစ်နေတဲ့ Girls Crush စတိုင်လ်ဟာ သူတို့ကြောင့် စတင်ခဲ့တာဖြစ်ပြီး ပါရမီနဲ့ စတိတ်ဖျော်ဖြေမှုမှာတော့ 2NE1 ကို ယှဉ်နိုင်တဲ့ အမျိုးသမီးအဖွဲ့ မရှိပါဘူး။

 

1. Girls’ Generation


ဒီဘက်နှစ်ပိုင်းတွေမှာ အဖွဲ့လိုက် လှုပ်ရှားမှုမရှိတော့ပေမဲ့ ၂၀၀၇ မှာ ပွဲထွက်ကတည်းက K-Pop Scene ကို Girls’ Generation က လွှမ်းမိုးခဲ့တာပါ။ သူတို့ရဲ့ ပြိုင်ဘက်ကင်းစွမ်းရည်တွေ၊ ကျော်ကြားမှုနဲ့ လွှမ်းမိုးမှုတွေက ဘယ်လိုမှ မငြင်းနိုင်တဲ့အချက်တွေဖြစ်ပြီး တောင်ကိုရီးယားရဲ့ National Girls Group လည်း ဖြစ်ပါတယ်။

Ref: Koreaboo

You cannot copy content of this page