K pop

■ အမျိုးသမီး K-Pop Soloist တွေထဲမှာ ပထမဆုံးဆိုတဲ့ စံချိန်ကို Jennie ရေးထိုး

— – – – အမျိုးသမီး K-Pop Soloist တွေထဲမှာ ဒီလိုလုပ်နိုင်တာလည်း Jennie တစ်ယောက်တည်းပဲ ရှိတာပါ …

ကမ္ဘာကျော် အမျိုးသမီး K-Pop အဖွဲ့ဖြစ်တဲ့ BLACKPINK အဖွဲ့ဝင် Jennie ဟာ သူမရဲ့ Solo သီချင်းနဲ့ YouTube မှာ စံချိန်သစ် ရေးထိုးခဲ့ပါတယ်။

သြဂုတ်လ (၉)ရက်မှာ Jennie ရဲ့ Solo MV ဟာ You Tube Views သန်း (၇၀၀) ကျော်သွားခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၈ နိုဝင်ဘာ (၁၂)ရက်က ထုတ်ဝေခဲ့တဲ့ Jennie ရဲ့ Solo MV ဟာ (၂)နှစ်၊ (၈)လ၊ (၂၇)ရက်နဲ့ (၂၂)နာရီအကြာမှာ အဲဒီပမာဏကို ရရှိခဲ့တာပါ။

ဒါကြောင့် Jennie ရဲ့ Solo MV ဟာ အမျိုးသမီး K-Pop Soloist တွေထဲမှာ You Tube Views သန်း (၇၀၀) ရရှိတဲ့ ပထမဆုံး MV ဖြစ်လာခဲ့သလို၊ အဲဒီစံချိန်ကို ပိုင်ဆိုင်တာကလည်း Jennie ရဲ့ Solo MV တစ်ခုသာ ရှိသေးတာပါ။

Ref: Soompi

 

-Zawgyi






Ref: Soompi

You cannot copy content of this page