K pop

■ ကောလာဟလသတင်းတွေကြောင့် Lee Soo Man ကို SM ပရိသတ်များ တောင်းပန်

— – – ပုံမှန်လည်ပတ်နေတဲ့ SM Entertainment သူများလက်ထဲ ရောက်သွားတော့မလား …

ကိုရီးယားမီဒီယာတွေမှာ SM Entertainment တည်ထောင်သူ Lee Soo Man က သူ့ရဲ့ ရှယ်ယာတွေကို M&A market မှာ ရောင်းထုတ်ဖို့ စီစဉ်နေတယ်လို့ ကောလာဟလသတင်းတွေ ထွက်နေပါတယ်။

Lee Soo Man ဟာ SM Entertainment ရဲ့ ရှယ်ယာ (18.73%)ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပြီး ရှယ်ယာရှင်တွေထဲမှာ အများဆုံးဖြစ်လို့ သူ့ရှယ်ယာတွေကို ဝယ်ယူတဲ့သူက ကုမ္ပဏီကို ထိန်းချုပ်ခွင့် ရရှိသွားမှာပါ။

လက်ရှိမှာ Lee Soo Man ရဲ့ ရှယ်ယာတွေကို ဝယ်ဖို့ Kakao Entertainment, CJ Group, NAVER နဲ့ HYBE တို့အပြိုင် ကြိုးစားနေတယ်လို့ သတင်းထွက်နေပြီး အဲဒီသတင်းတွေကြောင့် SM ပရိသတ်တွေ စိတ်မချမ်းမြေ့ ဖြစ်နေကြပါတယ်။

၁၉၉၅ က စတင်ထည်တောင်ခဲ့တဲ့ အစောဆုံး K-Pop အေဂျင်စီ SM ဟာ H.O.T., S.E.S., BoA, Shinhwa, TVXQ, Super Junior, Girls’ Generation, SHINee, f(x), EXO, Red Velvet, NCT နဲ့ aespa တို့ မွေးထုတ်ထားပြီး လက်ရှိအချိန် ကိုရီးယားရဲ့ အကြီးဆုံးအေဂျင်စီအဖြစ် ရပ်တည်နေတာပါ။

ဒါကြောင့် SM ပရိသတ်တွေက SM Entertainment ကို တခြားလူတွေ လက်ထဲရောက်သွားမှာကို လိုလားခြင်းမရှိဘဲ ပုံမှန်အတိုင်းပဲ Lee Soo Man ကို ဦးဆောင်ဖို့ အလိုရှိနေပြီး သူတို့ ပြောမှားဆိုမှား ရှိခဲ့ရင် ခွင့်လွှတ်ဖို့နဲ့ SM ကို မစွန့်လွှတ်ဖို့ လူမှုကွန်ရက်တွေမှာ Lee Soo Man ကို တောင်းပန်နေကြတာ ဖြစ်ပါတယ်။

Ref: AKP

 

-Zawgyi

■ ေကာလာဟလသတင္းေတြေၾကာင့္ Lee Soo Man ကုိ SM ပရိသတ္မ်ား ေတာင္းပန္

— – – ပုံမွန္လည္ပတ္ေနတဲ့ SM Entertainment သူမ်ားလက္ထဲ ေရာက္သြားေတာ့မလား …

ကုိရီးယားမီဒီယာေတြမွာ SM Entertainment တည္ေထာင္သူ Lee Soo Man က သူ႕ရဲ႕ ရွယ္ယာေတြကုိ M&A market မွာ ေရာင္းထုတ္ဖုိ႔ စီစဥ္ေနတယ္လုိ႔ ေကာလာဟလသတင္းေတြ ထြက္ေနပါတယ္။

Lee Soo Man ဟာ SM Entertainment ရဲ႕ ရွယ္ယာ (18.73%)ရာခုိင္ႏႈန္းကုိ ပုိင္ဆုိင္ထားၿပီး ရွယ္ယာရွင္ေတြထဲမွာ အမ်ားဆုံးျဖစ္လို႔ သူ႕ရွယ္ယာေတြကုိ ၀ယ္ယူတဲ့သူက ကုမၸဏီကုိ ထိန္းခ်ဳပ္ခြင့္ ရရွိသြားမွာပါ။

လက္ရွိမွာ Lee Soo Man ရဲ႕ ရွယ္ယာေတြကုိ ၀ယ္ဖုိ႔ Kakao Entertainment, CJ Group, NAVER နဲ႔ HYBE တုိ႔အၿပိဳင္ ႀကိဳးစားေနတယ္လုိ႔ သတင္းထြက္ေနၿပီး အဲဒီသတင္းေတြေၾကာင့္ SM ပရိသတ္ေတြ စိတ္မခ်မ္းေျမ႕ ျဖစ္ေနၾကပါတယ္။

၁၉၉၅ က စတင္ထည္ေတာင္ခဲ့တဲ့ အေစာဆုံး K-Pop ေအဂ်င္စီ SM ဟာ H.O.T., S.E.S., BoA, Shinhwa, TVXQ, Super Junior, Girls’ Generation, SHINee, f(x), EXO, Red Velvet, NCT နဲ႔ aespa တုိ႔ ေမြးထုတ္ထားၿပီး လက္ရွိအခ်ိန္ ကုိရီးယားရဲ႕ အႀကီးဆုံးေအဂ်င္စီအျဖစ္ ရပ္တည္ေနတာပါ။

ဒါေၾကာင့္ SM ပရိသတ္ေတြက SM Entertainment ကုိ တျခားလူေတြ လက္ထဲေရာက္သြားမွာကုိ လုိလားျခင္းမရွိဘဲ ပုံမွန္အတုိင္းပဲ Lee Soo Man ကုိ ဦးေဆာင္ဖုိ႔ အလုိရွိေနၿပီး သူတုိ႔ ေျပာမွားဆုိမွား ရွိခဲ့ရင္ ခြင့္လႊတ္ဖုိ႔နဲ႔ SM ကုိ မစြန္႔လႊတ္ဖုိ႔ လူမႈကြန္ရက္ေတြမွာ Lee Soo Man ကုိ ေတာင္းပန္ေနၾကတာ ျဖစ္ပါတယ္။

Ref: AKP

You cannot copy content of this page