— – – ဂီတနဲ့သာမက ဖက်ရှင်ပိုင်းမှာ ကျော်ကြားတဲ့ BLACKPINK အဖွဲ့ရဲ့ လွှမ်းမိုးမှုတွေထဲက တစ်ခုလို့ …
ကမ္ဘာကျော် အမျိုးသမီး K-Pop အဖွဲ့ဟာ BLACKPINK ဟာ သူတို့ရဲ့ သီချင်းတွေသာမက ဖက်ရှင်ပိုင်းမှာပါ လွှမ်းမိုးရှိတာကြောင့် Brand တွေနဲ့ ကုန်ပစ္စည်းတော်တော်များများကို သူတို့ကို လက်လွှတ်ခံလေ့ရှိပါတယ်။
အခုလည်း CELEBe Korea က သူတို့ရဲ့ မော်ဒယ်အဖြစ် BLACKPINK အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Jisoo ကို တရားဝင် ရွေးချယ်လိုက်ပြီလို့ ထုတ်ပြန်ခဲ့ပါတယ်။
သူတို့ရဲ့ ထုတ်ပြန်ချက်မှာ “BLACKPINK အဖွဲ့ဝင် Jisoo ကို CELEBe Korea ရဲ့ မော်ဒယ်အဖြစ် ခန့်အပ်လိုက်ပါတယ်။ CELEBe Korea အနေနဲ့ Jisoo နဲ့အတူ လှုပ်ရှားမှုပေါင်းများစွာကို ဆက်လက်လုပ်ကိုင်သွားမှာပါ”လို့ ဖော်ပြပါရှိပါတယ်။
Jisoo ကို ရွေးချယ်ခြင်းနဲ့ပတ်သက်လို့လည်း CELEBe Korea က K-Pop နဲ့ K-Culutre ဟာ ကမ္ဘာ့အနှံမှာ စိတ်ဝင်စားမှု မြင့်တက်လာသလို၊ BLACKPINK အဖွဲ့ရဲ့ ကျော်ကြားမှုကလည်း ပြောစရာမလိုပါဘူး။ ကျွန်တော်တို့အနေနဲ့ Global သွားချင်တာကြောင့် အခုလို ဆုံးဖြတ်ခဲ့တာပါ။
CELEBe Korea အနေနဲ့ Jisoo နဲ့အတူ လူမှုကွန်ရက်တွေမှာ ကြော်ငြာတွေများစွာ ပြုလုပ်မှာဖြစ်သလို၊ ပရိုမိုးရှင်းပွဲတွေကိုလည်း ပြုလုပ်သွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
Source: osen
-Zawgyi
■ CELEBe ရဲ့ မော်ဒယ်အဖြစ် ရွေးချယ်ခံခဲ့ရတဲ့ BLACKPINK အဖွဲ့ဝင်
Source: osen