— – – ဂီတနဲ့ ရုပ်ရှင်လောကတွေမှာ ဖြတ်သန်းနေတဲ့ သူတို့နှစ်ယောက် ဆုံစည်းခဲ့တဲ့ အကြောင်း …
လက်ရှိ ကိုရီးယားရဲ့ နာမည်ကျော်တွေဖြစ်တဲ့ BTS အဖွဲ့ဝင် Jungkook နဲ့ Yeo Jin Goo တို့ဟာ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိသူတွေဖြစ်ပြီး နယ်ပယ်မတူတဲ့ သူတို့နှစ်ဦး ဘယ်လို သူငယ်ချင်းဖြစ်လာသလဲဆိုတာကို ပရိသတ်တွေ သိချင်နေကြပါတယ်။
အင်တာဗျူးတစ်ခုမှာတော့ Yeo Jin Goo က သူနဲ့ Jungkook တို့ သူငယ်ချင်း ဖြစ်လာတာဟာ အနုပညာနယ်ပယ်က မဟုတ်တဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ မိတ်ဆက်ပေးမှုကြောင့်လို့ ဆိုပါတယ်။
အင်တာဗျုးသမား – BTS အဖွဲ့ဝင် Jungkook နဲ့ သူငယ်ချင်းတွေလို့ ကြားပါတယ်။
Yeo Jin Goo – ဟုတ်ပါတယ်။ အခု အနုပညာလောကက လူတွေနဲ့ မိတ်ဖွဲ့နေပါတယ်။ Jungkook က ကျွန်တော့် သူငယ်ချင်းရဲ့ သူငယ်ချင်းပါ။ ဒါပေမဲ့ သူက အနုပညာလောကက မဟုတ်ပါဘူး။ သူ့ကြောင့် Jungkook နဲ့ ကျွန်တော် သူငယ်ချင်း ဖြစ်လာပါ။
Yeo Jin Goo က အသက်မွေးဝမ်းကြောင်းအဖြစ် လုပ်ကိုင်နေတဲ့ အနုပညာလောက သက်တူရွယ်တူတွေနဲ့ သူငယ်ချင်းဖြစ်ခွင့်ရတာဟာ အရမ်းကို ကောင်းတယ်လို့လည်း ဆိုခဲ့ပါတယ်။
ဆက်ပြီးတော့ Yeo Jin Goo က “Jungkook နဲ့ ကျွန်တော်က Personality တော်တော်လေး တူတာကြောင့် အရမ်း အဆင်ပြေပါတယ်။ ကျွန်တော် ကော်ဖီဆိုင်တွေကို အတူတကွ သွားလေ့ရှိပါတယ်”လို့လည်း ပြောခဲ့သေးတာပါ။
Ref: Koreaboo
-Zawgyi
■ BTS Jungkook နဲ႔ Yeo Jin Goo တုိ႔ သူငယ္ခ်င္း ဘယ္လုိျဖစ္လာခဲ့သလဲ ?
— – – ဂီတနဲ႔ ႐ုပ္ရွင္ေလာကေတြမွာ ျဖတ္သန္းေနတဲ့ သူတုိ႔ႏွစ္ေယာက္ ဆုံစည္းခဲ့တဲ့ အေၾကာင္း …
လက္ရွိ ကုိရီးယားရဲ႕ နာမည္ေက်ာ္ေတြျဖစ္တဲ့ BTS အဖဲြ႕၀င္ Jungkook နဲ႔ Yeo Jin Goo တုိ႔ဟာ ရင္းႏွီးတဲ့ ဆက္ဆံေရး ရွိသူေတြျဖစ္ၿပီး နယ္ပယ္မတူတ့ဲ သူတုိ႔ႏွစ္ဦး ဘယ္လုိ သူငယ္ခ်င္းျဖစ္လာသလဲဆုိတာကုိ ပရိသတ္ေတြ သိခ်င္ေနၾကပါတယ္။
အင္တာဗ်ဴးတစ္ခုမွာေတာ့ Yeo Jin Goo က သူနဲ႔ Jungkook တုိ႔ သူငယ္ခ်င္း ျဖစ္လာတာဟာ အႏုပညာနယ္ပယ္က မဟုတ္တဲ့ သူငယ္ခ်င္းတစ္ေယာက္ရဲ႕ မိတ္ဆက္ေပးမႈေၾကာင့္လုိ႔ ဆုိပါတယ္။
အင္တာဗ်ဳးသမား – BTS အဖဲြ႕၀င္ Jungkook နဲ႔ သူငယ္ခ်င္းေတြလုိ႔ ၾကားပါတယ္။
Yeo Jin Goo – ဟုတ္ပါတယ္။ အခု အႏုပညာေလာကက လူေတြနဲ႔ မိတ္ဖဲြ႕ေနပါတယ္။ Jungkook က ကၽြန္ေတာ့္ သူငယ္ခ်င္းရဲ႕ သူငယ္ခ်င္းပါ။ ဒါေပမဲ့ သူက အႏုပညာေလာကက မဟုတ္ပါဘူး။ သူ႕ေၾကာင့္ Jungkook နဲ႔ ကၽြန္ေတာ္ သူငယ္ခ်င္း ျဖစ္လာပါ။
Yeo Jin Goo က အသက္ေမြး၀မ္းေၾကာင္းအျဖစ္ လုပ္ကုိင္ေနတဲ့ အႏုပညာေလာက သက္တူရြယ္တူေတြနဲ႔ သူငယ္ခ်င္းျဖစ္ခြင့္ရတာဟာ အရမ္းကုိ ေကာင္းတယ္လုိ႔လည္း ဆုိခဲ့ပါတယ္။
ဆက္ၿပီးေတာ့ Yeo Jin Goo က “Jungkook နဲ႔ ကၽြန္ေတာ္က Personality ေတာ္ေတာ္ေလး တူတာေၾကာင့္ အရမ္း အဆင္ေျပပါတယ္။ ကၽြန္ေတာ္ ေကာ္ဖီဆုိင္ေတြကုိ အတူတကြ သြားေလ့ရွိပါတယ္”လုိ႔လည္း ေျပာခဲ့ေသးတာပါ။
Ref: Koreaboo