K pop

■ Suga ဖခင်ပေးခဲ့တဲ့နာမည်ပြောင်က Jungkooke နဲ့ လုံးဝလိုက်ဖက်လွန်းသတဲ့

– — Suga ဖခင်ပေးတဲ့ နာမည်ပြောင်ကို ARMY တွေက သဘောကျခဲ့ကြပြီး…

BTS အဖွဲရဲ့အသက်အငယ်ဆုံးလေး Jungkook ဟာ ချစ်စရာကော်ငးတဲ့ နာမည်ပြောင်များစွာကို ပိုင်ဆိုင်ထားသူပါ။

The Golden Maknae, JK, Kookie စတာတွေက Jungkook နဲ့ ပတ်သက်ရင် ထင်ရှားတဲ့ နာမည်ပြောင်တွေပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Jungook မှာ BTS အဖွဲ့ဝင် Suga ရဲ့ဖခင်ပေးထားတဲ့ နာမည်ပြောင်လည်း ရှိပါသေးတယ်။

တလောတုန်းက ARMY အယောက် (၂၀၀) ခန့်ဟာ BTS နဲ့အတူ Special Live Event တစ်ခု ပြုလုပ်ခွင့်ရခဲ့ပါတယ်။ Zoom မှာပြုလုပ်တဲ့ ဒီ Event မှာ ARMY တွေက BTS အဖွဲ့ဝင်တွေကို မေးခွန်းတွေ မေးခဲ့ကြတာပါ။

အဲဒီမှာ ARMY တွေက Jungkook ကို Suga ရဲ့ဖခင်ပေးထားတဲ့ နာမည်ပြောင်အကြောင်း သိရှိသွားပါတယ်။ Suga ရဲ့ ဖခင်ဟာ Jungkook ကို Soondoongie ဆိုပြီး နာမည်ပြောင်ပေးထားခဲ့တာ ဖြစ်ပါတယ် ။

ဒီအဓိပ္ပာယ်က ဖြူစင်ပြီး နူးညံ့သိမ်မွေ့တယ်တဲ့ပုဂ္ဂိုလ်လို့ အဓိပ္ပာယ်ရပါတယ်။ ဒါကြောင့် ဒီနာမည်ပြောင်ဟာ Jungkook နဲ့ လုံးကွက်တိ လိုက်ဖက်တယ်လို့ ARMY တွေက ကောက်ချက်ချပြီး သဘောကျနေခဲ့ကြပါတယ်။

-Ref: koreaboo

You cannot copy content of this page