– — Nevertheless ဟာ အံ့အားသင့်ဖွယ်ရာ ကြည့်ရှုမှုနှုန်း ထိုးကျလျက်ရှိနေပြီး…
စတင်ထုတ်လွှင့်စဉ်က စိတ်ဝင်စားမှုမြင့်တက်ခဲ့တဲ့ Nevertheless ဟာ အခုဆိုရင် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရကာ ကြည့်ရှုမှုနှုန်း စံချိန်တင်ကျဆင်းခဲ့ပါတယ်။
သြဂုတ် (၇) ရက်နေ့မှာ ထုတ်လွှင့်ခဲ့တဲံ Nevertheless ရဲ့ အပိုင်း (၈) မှာ Song Kang နဲ့ Han So Hee တို့ရဲ့ Realationship ဘယ်လိုမျိုး ပြောင်းလဲမလည်းလို့ ပရိသတ်တွေက စောင့်ကြည့်ခဲ့ကြပေမဲ့ စိတ်ပျက်စရာသာ ဖြစ်ခဲ့ရပါတယ်။
Nielson Korea က ထုတ်ပြန်ချက်ရ Nevertheless ရဲ့ နောက်ဆုံးထွက်အပိုင်းဟာ ကြည့်ရှုသူ Rating 0.994 ရာခိုင်နှုန်းသာ ရှိခဲ့ပြီး ဒါဟာ ဇာတ်လမ်းတွဲတစ်လျှောက် အဆိုးရွားဆုံးပါ။
အထူးသဖြင့် K-Netizens တွေက Song Kang နဲ့ Han So Hee တို့ရဲ့ သရုပ်ဆောင်စွမ်းရည်ကို ဝေဖန်ခဲ့ကြပြီး ဒီဇာတ်လမ်းတွဲ ပြသေးတယ်ဆိုတာ သတိတောင်မထားမိတော့ဘူးလို့ ဝေဖန်ခဲ့ကြတာ ဖြစ်ပါတယ်။
Nevertheless ဇာတ်လမ်းတွဲအနေနဲ့ နောက်ထပ် ထုတ်လွှင့်ဖို့ အပိုင်း (၂) ပိုင်း ကျန်ရှိနေသေးတာ ဖြစ်ပါတယ်။
-Ref: Koreaboo