K pop

■ BLACKPINK အဖွဲ့ Variety Show တွေအများကြီး မသွားတဲ့ အဓိက အကြောင်းရင်း

– -BLACKPINK အဖွဲ့ကို Variety Show တွေမှာ များများစားစား မြင်ရခြင်းမရှိတာ တခြားကြောင့် မဟုတ်ဘဲ………

BLACKPINK အဖွဲ့ဟာ အောက်တိုဘာ (၂) ရက်နေ့က ပထမဆုံး Full Album ကို ထုတ်လွှင့်ခဲ့ပြီးနောက်ပိုင်း နာမည်ကျော် Variety Show နှစ်ခုဖြစ်တဲ့ Knowing Brothers နဲ့ Running Man တို့မှာ ဆက်တိုက်ပါဝင်ခဲ့တာပါ။

K-pop အဖွဲ့တွေဟာ Comeback ထွက်ရှိပြီးတဲ့အခါ Variety Show တွေမှာ ပါဝင်လေ့ရှိပေမဲ့လည်း BLACKPINK အဖွဲ့ကိုတော့ Variety Show တွေမှာ များများစားစား တွေ့ရလေ့ မရှိပါဘူး။ အဲဒီအကြောင်းနဲ့ ပတ်သက်ပြီး Jennie က Knowing Brothers အစီအစဉ်မှာ ဖွင့်ဟသွားခဲ့ပါတယ်။

အဖွဲ့ခေါင်းဆောင်မရှိတဲ့ BLACKPINK မှာ အဖွဲ့ဝင်တွေအတွက် YG ထံ တစ်ခုခုတောင်းဆိုဖို့ Jennie က တာဝန်ယူထားရပါတယ်။ ဒါကြောင့် YG ထံ သူမ တောင်းဆိုမှုအများဆုံးအရာကဘာလဲဆိုပြီး Jennie က Knowing Brothers မှာ အမေးခံခဲ့ရပါတယ်။

ဒီအခါမှာတော့ Jennie က သူမအနေနဲ့ ကိုရီးယား Variety Show တွေမှာ ပိုမိုပါဝင်ခွင့်ရဖို့ တောင်းဆိုတာဖြစ်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။ တစ်စပ်တည်း အေဂျင်စီဘက်က သူမတို့ကို ဘာကြောင့် Variety Show များများစားစား မလွှွတ်သလဲဆိုတာလည်း ဖွင့်ဟခဲ့ပါတယ်။

အကြောင်းကတော့ YG အနေနဲ့ BLACKPINK အဖွဲ့ဝင်တွေကို ပိုမိုအနားရစေချင်လို့ပါတဲ့။ “အေဂျင်စီက ကျွန်မတို့ကို အနားရစေချင်တဲ့အတွက် Variety Show တွေသွားတာ ကန့်သတ်ထားတာပါ။ ဒါပေမဲ့ ကျွန်မတို့ကလည်း Variety Show တွေဆိုရင် သွားချင်တယ်လို့ ပြောနေကျပါ”လို့ Jennie က ဆိုခဲ့ပါတယ်။

ဒါကြောင့် အခုလို BLACKPINK အဖွဲ့ကို နာမည်ကျော် Variety Show တွေမှာ ဆက်တိုက်မြင်တွေ့နေရတဲ့အပေါ် BLINK တွေကတော့ ကျေနပ်လျက် ရှိနေပါတယ်။

Ref: Koreaboo

You cannot copy content of this page