— EXO အဖွဲ့ဝင် Kai က သူဟာ အရင်တုန်းက အသက် 29 နှစ်အရွယ်မှာ K-pop လောက ကနေ အနားယူဖို့ စဉ်းစားခဲ့ဖူးတယ်လို့ ဖွင့်ဟခဲ့ပါတယ်။
သြဂုတ်လ 9 ရက်နေ့က EXO Kai ပါဝင်တဲ့ tvN’s television show ‘Honeymoon Tavern’ အပိုင်း သစ်ပြသခဲ့ပြီး အဲဒီမှာ Kai က အခုလိုဖွင့်ဟခဲ့တာလည်းဖြစ်ပါတယ်။
Kai က “ တကယ်တော့ K-pop လောကမှာ ကျွန်တော် Debut လုပ်နိုင်ခဲ့တာ 10 နှစ် နီးပါးရှိပြီဖြစ်ပါ တယ်။ ဒီလို 10 စုနှစ်တစ်ခုအထိ ဖြတ်သန်းနိုင်မယ်ဆိုတာ ကိုယ့်ကိုယ်ကိုတောင် မယုံကြည်နိုင်ပါဘူး။
ကျွန်တော်အမြဲတမ်းတွေးလေ့ရှိတာက K-pop Group တွေဟာ 5 နှစ် 7 နှစ်ထက်မပိုဘဲ ပျက်သွား လေ့ရှိကြပါတယ်။ နှစ်ရှည်တည်ရှိတဲ့ အဖွဲ့တွေလည်းရှိပါတယ်။ ဒါပေမဲ့ 10 နှစ်လောက်တည်ရှိနေရင် အိပ်မက်ပဲလို့ ထင်မှတ်ခဲ့တာပါ။
အသက် 20 လောက်တုန်းက ကျွန်တော် တစ်ခု တွေးမိခဲ့တာက ကျွန်တော် အသက် 29 နှစ်အရွယ်မှာ K-pop လောက ကနေ အနားယူမယ်လို့ပါ။ ဒီအတွေးဟာ ဖြစ်သွားနိုင်တယ်လို့လည်း ကျွန်တော်ထင် ပါတယ်” လို့ ပြောခဲ့ပါတယ်။
အဲဒီအခါ Cast တစ်ဦးဖြစ်သူ Lee Seok Hoon က “ အဲဒီအသက်အရွယ်တုန်းက ဒီလို အတွေးမျိုး ဖြစ် နိုင်တယ်ဆိုတာ ငါ နားလည်ပါတယ်။ ဒါပေမဲ့ မင်းရဲ့ အတွေးတွေကလည်း ပြောင်းလဲသွားနိုင်ပါတယ်။ မင်းကတော့ ထင်နေမှာပေါ့…မင်းရဲ့ အတွေးဟာ 10 နှစ်ကြာပြီးလည်း အတူတူပဲလို့…ဒါပေမဲ့ အလုပ် မဖြစ်တော့ပါဘူး” လို့ ပြောခဲ့ပါတယ်။
Kai က ရယ်မောပြီး “ ဟုတ်တယ်…ကိုယ့်ကိုယ်ကို အသက် 20 လိုပဲ ပြန်တွေးနေတယ်” လို့ ပြောခဲ့ပါ တယ်။
-m2t
Ref: SBSstar