K pop

■ Idol အရည်အချင်းနဲ့မကိုက်ဘူးလို့ MBC’s Survival Program ‘Extreme Debut: Wild Idol’ ကို K Netizen တွေ ဝေဖန်နေ

—- Visual နဲ့ ပတ်သက်ပြီး ဘယ်လိုမှ Idol ဖြစ်ဖို့ အရည်အချင်းမရှိဘူးလို့ K Netizen တွေက ပထမဆုံး မိတ်ဆက်ပေးတဲ့ ပြိုင်ပွဲဝင်တွေနဲ့တင် ဝေဖန်နေကြတာဖြစ်ပါတယ်…

သြဂုတ်လ 9 ရက်နေ့ MBC ရုပ်သံဟာ သူတို့ ပရိုဂရမ်အသစ်ဖြစ်တဲ့ Survival Program ‘Extreme Debut: Wild Idol’ အစီအစဉ်အတွက် ပြိုင်ပွဲဝင် 9 ဦးကို စတင်မိတ်ဆက်ခဲ့ပါတယ်။ စတင်မိတ်ဆက် တဲ့ ပြိုင်ပွဲဝင် 9 ဦးနဲ့တင် K Netizen တွေရဲ့ ပြင်းထန်တဲ့ ဝေဖန်မှုနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

MBC’s Survivadl Program ‘Extreme Debut: Wild Idol’ အစီအစဉ်ဟာ Outdoor Variety နဲ့ အတူ Idol Survial ပရိုဂရမ် ရိုးရာပုံစံကို ပေါင်းစပ်ပြီး ပြုလုပ်ထားတာပါ။ ဆိုလိုချင်တာက ပြိုင်ပွဲဝင် တွေက သူတို့ရဲ့ အဆိုစွမ်းရည်၊ အကစွမ်းရည်၊ ရက်ပ်စွမ်းရည်၊ ဖျော်ဖြေမှုစွမ်းရည်တွေနဲ့ ကြည့်ရှုသူ တွေကို ဆွဲဆောင်ရမှာမဟုတ်ဘဲ တစ်ဦးတည်းရှင်သန်နိုင်မယ့် စွမ်းရည်ကိုလည်း စမ်းသပ်ခံရမှာဖြစ် ပါတယ်။

ပြိုင်ပွဲရဲ့ စီစဉ်မှုက ကောင်းပေမယ့် ပထမဆုံး စတင်မိတ်ဆက်တဲ့ ပြိုင်ပွဲဝင် 9 ဦးရဲ့ ရွက်ကြမ်းရည်ကျို Visual တွေကို တွေ့ပြီး K Netizen တွေက Idol ဖြစ်ဖို့ အရည်အချင်းမရှိဘူးလို့ ပြင်းပြင်းထန်ဝေဖန်ခဲ့ ကြတာဖြစ်ပါတယ်။

K Netizen တွေက “ သူတို့တွေဟာ ဘယ်လိုမှ Idol Group တွေနဲ့မတူပါဘူး။ သူတို့တွေကြည့်ရတာ ကျွန်မရဲ့ အတန်းဖော် သူငယ်ချင်းတွေလိုပါပဲ။ သူတို့ရဲ့ Visual ဟာ Idol ဖြစ်ဖို့ ဘယ်လိုမှမလွယ်ပါ ဘူး။ သူတို့တွေရဲ့ ရုပ်ရည်ဟာ ရွက်ကြမ်းရေကျိုတွေပါပဲ” စတဲ့ မှတ်ချက်တွေအပါအဝင် မြောက်များ စွာ ဝေဖန်ခဲ့ကြပါတယ်။
-m2t
Ref: Allkpop and Kstarlive

You cannot copy content of this page