Celebrity Drama

■ Krystal ကို မင်းသမီး Jun Ji Hyun နဲ့ ခိုင်းနှိုင်းခဲ့တဲ့ မင်းသားကြီး Cha Tae Hyun

— မင်းသားကြီး Cha Tae Hyun က f(x) အဖွဲ့ဝင် မင်းသမီး Krystal ကို နာမည်ကျော် မင်းသမီး Jun Ji Hyun နဲ့ ခိုင်းနှိုင်းခဲ့ပြီး Krystal နဲ့ အလုပ်လုပ်ရတာဟာ Jun Ji Hyun ရဲ့ ငယ်ရွယ်တုန်းက အချိန် တွေကို သတိရစေတယ်လို့ ပြောခဲ့ပါတယ်။

မင်းသား Cha Tae Hyun ၊ Jin Young နဲ့ Krystal တို့ဟာ ‘Police University’ ဒရာမာကို ရိုက်ကူး နေပြီး သြဂုတ် လ 9 ရက်နေ့က ဒရာမာသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။ သတင်းစာရှင်းလင်းပွဲ အတွင်းမှာ မင်းသား Jin Young က Krystal နဲ့ပတ်သက်ပြီး ပျော်ရွှင်စရာ ဟာသတစ်ခုကို ပြောခဲ့ပါ တယ်။

Jin Young က “ Krystal ဟာ ရိုက်ကွင်းပြီးတာနဲ့ အလုပ်ကနေ အစောကြီးထွက်တဲ့ အမြန်ဆုံးသူပါပဲ။ ရှုတင်ပြီးတာနဲ့ သူမကို ကြည့်လိုက်တဲ့အခါ အဝတ်အစားတွေပြင်ဆင်ပြီး အိမ်ပြန်တော့ဖို့ အဆင်သင့် ဖြစ်နေပါပြီ” လို့ ရယ်မောပြီး ပြောခဲ့ပါတယ်။

Krystal ကလည်း ရယ်မောပြီး “ ကျွန်မဟာ အလုပ်ပြီးတာနဲ့ အမြန်ဆုံးပြန်တာ အကောင်းဆုံးအရာလို့ ကျွန်မ ထင်တာပါ။ ဒါကြောင့် မြန်မြန်ဆန်ဆန်နဲ့ ပြင်ဆင်ထားတာဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။

နောက်တော့ မင်းသားကြီး Cha Tae Hyun ကလည်း Krystal နဲ့ပတ်သက်ပြီး အခုလိုပြောခဲ့ပါတယ်။ “ Krystal ဟာ Jun Ji Hyun ရဲ့ ငယ်ရွယ်တဲ့ပုံရိပ်တွေကို ကျွန်တော့်ကို ပြန်အမှတ်ရစေပါတယ်။ သူမ ရဲ့ စတိုင်နဲ့ သရုပ်ဆောင်မှုတွေဟာ Jun Ji Hyun အတိုင်းပါပဲ။ ဒီလို အမှတ်ရစေတဲ့ အချက်အလက် တွေ Krystal ဆီမှာ ရှိပါတယ်” လို့ ပြောခဲ့ပါတယ်။

Krystal က “ အိုး… အခု ကျွန်မ တော်တော်တောင် ရှက်နေပြီ…” လို့ မျက်နှာအုပ်ပြီးပြောခဲ့ပါတယ်။ မင်းသားကြီး Cha Tae Hyun နဲ့ မင်းသမီး Jun Ji Hyun တို့ဟာ 2001 ခုနှစ်တုန်း အလွန်ပေါက်ခဲ့တဲ့ ‘My Sassy Girl’ ရုပ်ရှင်မှာ အတူတူ အလုပ်လုပ်ခဲ့ဖူးကြတဲ့သူတွေဖြစ်ပါတယ်။

-m2t
Ref: SBSstar

You cannot copy content of this page