– – – သူတို့တွေဟာ အခက်အခဲတွေကြုံတွေ့နေရချိန်မှာ တွေဝေမနေဘဲ Idol အချင်းချင်း မားမားမတ်မတ် ကာကွယ်ပေးခဲ့ကြတာပါ။
BamBam (GOT7)
GOT7 အဖွဲ့ဝင် BamBam ဟာ သူနဲ့ တစ်နိုင်ငံသား ငယ်သူငယ်ချင်း Lisa တစ်ယောက် လူမျိုးရေးခွဲခြားခံရချိန်မှာ ဝေတွေမနေဘဲ လူမှုကွန်ရက်မှာ Lisa ဘက်က မားမားမတ်မတ် ရပ်တည်ပြီး ကာကွယ်ပေးခဲ့တာပါ။
Jessi
Jessi ကလည်း သူမရဲ့ သူငယ်ချင်းတွေဖြစ်တဲ့ HyunA နဲ့ E’Dawn တို့ Dating သတင်းကြောင့် ဝေဖန်ခံရချိန်မှာ သူတို့အနေနဲ့ သူတို့စိတ်ကြိက်တွဲခွင့်ရှိတယ်လို့ ပြတ်ပြတ်သားသား ပြောဆိုခဲ့ပါတယ်။
IU
IU ရဲ့ ပရိသတ်ဖြစ်တဲ့ Yebin ဟာ “Between the Lips” သီချင်းကို Cover ဆိုပြီး သူမရဲ့ Instagram အကောင့်မှာ တင်ခဲ့ပါတယ်။ အဲဒီမှာ Yebin အနေနဲ့ IU နဲ့ သူငယ်ချင်းဖြစ်ဖို့ အဆင့်မမီဘူးလို့ ဝေဖန်ခဲ့ကြပါတယ်။ ဒီနေရာမှာပဲ IU က Yebin ကို ဝေဖန်သူတွေရှေ့ကနေ မားမားမတ်မတ် ရပ်တည်ပေးခဲ့တာပါ။
Suga (BTS)
ုHater တွေကို တုံ့ပြန်ပြီး အဖွဲ့ဝင်တွေကို Suga ကာကွယ်ပေးခဲ့ပုံကလည်း အလန်းစားပါပဲ။ တစ်ခါ MIC Drop သီချင်းကို ဖျော်ဖြေစဉ်မှာ Suga က သူတို့ဟာ နောက်ကသီချင်းကိုဖွင့်ပြီး ပါးစပ်ကို လှုပ်ရုံသာလှုပ်တာဆိုတဲ့ ဝေဖန်သံတွေကို ချေဖျက်ပြလိုက်တာပါ။ အဲဒီမှာ Suga က သူ့ရဲ့ rap ပိုဒ်မှာ မိုက်ခရိုဖုန်းကို အောက်ချပြီး ဒီအတိုင်း မဆိုဘဲထားခဲ့ရာမှာတော့ ဘာအသံမှ ထွက်မလာခဲ့ပါဘူး။
Hong Seok Cheon
Kai နဲ့ Jennie တို့ Dating သတင်းထွက်တဲ့အချိန်တုန်းကလည်း Hong Seok Cheon ကလည်း သူတို့ရှေ့က မားမားမတ်မတ် ကာကွယ်ပေးခဲ့ပါတယ်။ Idol တွေအနေနဲ့ ကြိုက်တဲ့သူနဲ့ လွတ်လွတ်လပ်လပ် Date ခွင့်ရှိတယ်လို့ Hong Seok Cheon က ဆိုခဲ့တာပါ။
-Chi Ko
Ref: Koreaboo
* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *