– – – အင်္ဂလိပ်စာလုံး J နဲ့ K က ဘယ်အရာကို ကိုယ်စားပြုသလဲဆိုတာ ပြောသွားပုံလေးက……
BTS အဖွဲ့ဟာ တလောက Entertainment Weekly နဲ့ အင်တာဗျူးပြုလုပ်ခဲ့ရာမှာတော့ ပေါ့ပေါ့ပါးပါး အမေးအဖြေတွေနဲ့ ပရိသတ်စိတ်ဝင်စားဖွယ် ဂိမ်းတွေကို ဆော့ကစားခဲ့ကြပါတယ်။
အဲဒီမှာ BTS အဖွဲ့တွေဟာ အင်္ဂလိပ်အက္ခရာတွေကို စာလုံးနဲ့ ပုံဖော်တဲ့ဂိမ်းတစ်ခုကိုလည်း ကစားခဲ့ပါတယ်။ A က ARMY၊ B က BTS ကို ကိုယ်စားပြုတယ်လို့ BTS အဖွဲ့ဝင်တွေက ပြောခဲ့တာပါ။
ဒီလိုနဲ့ အင်္ဂလိပ်အက္ခရာ J နဲ့ K အလှည့်အရောက်မှာတော့ Jungkook က အားတက်သရောနဲ့ ပြောခဲ့တာဖြစ်ပါတယ်။ J ဟာ Jungkook၊ K က သူ့ရဲ့နာမည်ပြောင် Kookie ကိုကိုယ်စားပြုတယ်လို့ Jungkook က ဆိုခဲ့တာ ဖြစ်ပါတယ်။
Jungkook တစ်ယောက် ပြောပုံလေးက တကယ့်ကိုချစ်စရာကောင်းပြီး အသည်းယားဖွယ်ဖြစ်တယ်လို့ ARMY တွေက ဆိုခဲ့ကြပါတယ်။
-Chi Ko
Ref: Koreaboo
* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *