– – -YE ဟာ အကြည့်မှားပြီး သူတို့လို ကျောက်ရိုင်းတွေကို လက်လွှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ သူတို့ဟာ အကောင်းဆုံး သက်သေပြထားနိုင်ခဲ့ပြီး YG ဟာ သူတို့နဲ့ ပတ်သက်ပြီး နောင်တရလျက်ရှိနေတာပါ။
Chungha
Chungha လို အဆိုပိုင်းရော၊ အကရော ထူးချွန်တယ်တဲ့ သူ့ကို ငြင်းပယ်ခဲ့လို့ နောင်တရမိကြောင်း Yang Hyun Suk က တစ်ခါက ဖွင့်ဟခဲ့ဖူးပါတယ်။
Wendy (Red Velvet)
Wendy ကို ပယ်ချခဲ့မိလို့လည်း နောင်တရမိတယ်လို့ Yang Hyun Suk က ဖွင့်ဟခဲ့ပါတယ်။ အဲဒီနောက် Wendy ဟာ SM မှာ ဝင်အရွေးခံရင်း Red Velvet အဖွဲ့ဝင်အဖြစ် ပွဲထွက်နိုင်ခဲ့ပါတယ်။
Park Bom
Park Bom ကတော့ YG Entertainment ရဲ့ Idol ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ Park Bom ဟာ YG ကိုရောက်ဖို့အတွက် (၃) ကြိမ်တိုင်တိုင် ခက်ခက်ခဲခဲ ကြိုးပမ်းခဲ့ရတာပါ။
Rain
Rain ကလည်း Yang Hyun Suk ကို ဆယ်စုနှစ်တစ်ခုကြာအထိ နောင်တရအောင် ပြုလုပ်နိုင်သူတစ်ယောက်ပါပဲ။
T.O.P (BIGBANG)
YG ဟာ T.O.P ရဲ့ Rap Skill ကို သဘောကျပေမယ့် ကိုယ်အလေးချိန်ကို မကြိုက်လို့ အစပိုင်းမှာ ငြင်းပယ်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်နှစ်ပတ်လောက်အကြာမှာ T.O.P ဟာ ဝိတ်ချပြီး YG ကို ပြန်လာနိုင်ခဲ့ပါတယ်။
Park Bo Gum
Park Bo Gum ဟာ YG ကို Audition ဗီဒီယိုတစ်ခုပို့ခဲ့ပေမယ့် ပယ်ချခံခဲ့ရပါတယ်။ ဒါဟာ သူ့ရဲ့နောင်တအရဆုံး ဆုံးဖြတ်ချက်တွေထဲက တစ်ခုဖြစ်ကြောင်း Yang Hyun Suk က ဖွင့်ဟခဲ့ပါတယ်။
-Chi Ko
Ref: Koreaboo
* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *