Idol တစ်ယောက်ရဲ့ လျှောက်လှမ်းက လုံးဝမလွယ်ကူတာ အားလုံးလည်း သိပြီးသားပါ။ အဲဒီအထဲမှာမှ ရေခြားမြေခြားကနေ ကိုရီးယားကို လာရောက်တဲ့ Idol တွေအတွက်က ပိုပြီးခက်ခဲတယ်လို့ ဆိုရမှာပါ။ TWICE အဖွဲ့ဝင် Momo ဟာ TWICE: Seize The Light မှာ သူမရဲ့ သင်တန်းသူဘ၀ အတွေ့အကြုံကို ပြန်ပြောင်းပြောကြားသွားခဲ့ပါတယ်။ Momo ဟာ အိပ်မက်ဖြစ်ဖို့ အိပ်မက်ကိုလွယ်ရင်း ဂျပန်ကနေ ကိုရီးယားကို အရဲစွန့် ခြေဆန့်ခဲ့တာပါ။
သူမဟာ ငယ်စဉ်အရွယ်ကတည်းက အကပိုင်းမှာ တူမသူအောင် ထူးချွန်ပေမယ့် အဆိုပိုင်းမှာ အရမ်းညံ့တယ်လို့ သူမကိုယ်သူမ သိမ်ငယ်စိတ်ဝင်နေခဲ့ပါတယ်။ သင်တန်းသူဘ၀ ပထမဆုံး Vocal Class မှာ သီချင်းဆိုရမှာ ကြောက်လို့ ငိုခဲ့မိတယ်လို့ Momo က ဖွင့်ဟသွားခဲ့ပါတယ်။
“သင်တန်းသူ စစဖြစ်တော့ Vocal Class တက်ဖို့ အရမ်းရှက်ရွံ့ခဲ့တာ။ အဲဒီအရာနဲ့ ပတ်သက်ပြီး ကျွန်မအရမ်းစိုးရိမ်ခဲ့တယ်။ ဒါကြောင့် အတန်းမစမီငိုတောင်ငိုခဲ့တယ်။ ကျွန်မက အဆိုမှာ အရမ်းညံတယ်လို့ ထင်တယ်။ ဒါကြောင့် အတန်းထဲမှာ တော်တော်လေး ငိုခဲ့မိတယ်”လို့ Momo က ဖွင့်ဟသွားခဲ့တာပါ။
ဒါပေမဲ့ Momo ဟာ အဲဒီလိုငိုလိုက်ပြီးနောက်မှာတော့ Momo အနေနဲ့ စိတ်တင်းပြီး သတ္တိရှိရှိနဲ့ ရင်ဆိုင်ကာ အခက်အခဲတွေကို ကျော်ဖြတ်ခဲ့ပါတော့တယ်။ အခုတော့ သီချင်းဆိုရမှာကြောက်လို့ ငိုခဲ့ရတဲ့ ကောင်မလေးဟာ ကမ္ဘာတစ်လှမ်းလုံးရဲ့ရှေ့မှာ ရဲရဲဝံ့ဝံ့ ရပ်နေပါပြီ။ Momo ရဲ့ TWICE အဖွဲ့ဝင်အဖြစ် လျှောက်လှမ်းဟာ မျက်ရည်တွေနဲ့ စီခြယ်ထားရပြီး တော်တော်လေး ခက်ခက်ခဲခဲ ကြိုးစားရုန်းကန်ခဲ့ရတာပါ။
-Chi Ko
Ref: Koreaboo
* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *