K pop

■ BLACKPINK အဖွဲ့ဝင်တစ်ဦးချင်းစီ အကြိုက်ဆုံး Outfits များ

– – – BLACKPINK အဖွဲ့ဝင်တွေဟာ သူမတို့ တစ်ဦးချင်းစီ အကြိုက်ဆုံး…

BLACKPINK အဖွဲ့ဝင်တွေအနေနဲ့ ၂၀၁၆ ခုနှစ်ကတည်းက ပွဲထွက်လာခဲ့တာဖြစ်လို့ စတိတ်စင်ဖျော်ဖြေမှုတွေ၊ MV တွေမှာ Outfits များစွာကို ဝတ်ဆင်ခဲ့ရတာပါ။

BLACKPINK အဖွဲ့ဝင်တွေအနေနဲ့ တလောက ကျင်းပပြုလုပ်ခဲ့တဲ့ (၅) နှစ်ပြည့် အထိမ်းအမှတ် Live မှာ သူမတို့အကြိုက်ဆုံး Outfits တွေအကြောင်း ဖွင့်ဟခဲ့ကြပါတယ်။

Jennie

ပထမဆုံး Jennie အကြိုက်ဆုံး Outfit က As If It’s Your Last ဖျော်ဖြေမှုက ဝတ်စုံဖြစ်ပါတယ်။ Jennie ဟာ ပန်းရောင် ကျောင်းဝတ်စုံပုံစံနဲ့ အလွန်လိုက်ဖက်ပြီး ကြည့်ကောင်းနေခဲ့တာပါ။

Jisoo

Jisoo အကြိုက်ဆုံးဝတ်စုံကတော့ BOOMBAHAY တုန်းက ဝတ်စုံပါ။ BOOMBAHAY MV ထဲက ဝတ်စုံကို Jisoo က သဘောအကျဆုံးလို့ ဆိုခဲ့ပါတယ်။

Lisa

Lisa ကလည်း MV ထဲက ဝတ်စုံကိုပဲရွေးချယ်ခဲ့ပါတယ်။ How You Like That MV ထဲက ဝတ်စုံက Lisa သဘောအကျဆုံးပဲ ဖြစ်ပါတယ်။

Rosé

Rosé ကတော့ Coachella 2019 တုန်းက ဝတ်စုံကို အကြိုက်ဆုံးပါတဲ့။

-Ref: Koraeboo

You cannot copy content of this page