K pop

■ ARMY တစ်ဦးရဲ့ အမျိုးသားကို RM အထာကျကျ ပြောလိုက်ပုံက…

– – -ဇနီးဖြစ်သူနဲ့ စကားပြောချင်နေတဲ့ အဲဒီအမျိုးသားကို RM က…

BTS အဖွဲ့ဝင်တွေအနေနဲ့ ARMY အယောက် (၂၀၀) နဲ့အတူ pajama party ကိုပြုလုပ်ကျင်းပခဲ့တာ ဖြစ်ပါတယ်။

အဲဒီမှာ ကံအကောင်းဆုံး ARMY အယောက် (၂၀၀) က တစ်သုတ်ကို အယောက် (၅၀) နဲ့ (၄) ခါခွဲပြီး Zoom မှာ BTS အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံကာ ရင်းရင်းနှီးနှီး စကားတွေပြောခဲ့တာပါ။

BTS အဖွဲ့ဝင်တွေကို မေးခွန်းတွေမေး၊ စကားတွေပြောရင်းနဲ့ BTS နဲ့ ARMY တို့အကြား တကယ့်ကိုကြည်နူးစရာကောင်းတဲ့ အခိုက်အတန့်လေး ဖြစ်ခဲ့ပါတယ်။ ဒီမှာ ARMY တစ်ယောက်နဲ့ အမျိုးသားက Fan Meeting မှာ ဝင်နွှဲနေတဲ့ သူ့ဇနီးကို စကားပြောဖို့ ကြိုးစားပါတော့တယ်။

ဒီလိုအခွင့်အရေးမျိုးက ကြုံတောင့်ကြုံခဲဖြစ်လို့ အဲဒီ အမျိုးသမီး ARMY ကလည်း သူ့ခင်ပွန်းကို စကားမပြောအားဖြစ်ခဲ့ပါတယ်။ ဒီအခြေအနေကို RM က ဝင်ရောက်ဖြေရှင်းပေးခဲ့ပြီး “ခင်ဗျားရဲ့ အမျိုးသမီးက အချိန်ောကာင်းကို ရောက်နေတာပါ။ Mr. Husband ရေ ကျေးဇူးပြုပြီး ခဏလောက် စောင့်ပေးလို့ရမလားဗျ”လို့ ပြောခဲ့တာပါ။

RM ရဲ့စကားကိုကြားပြီး အားလုံးပွဲကျခဲ့ကြပါတော့တယ်။

-Ref: Koreaboo

You cannot copy content of this page