— လူတွေက အရည်ဝင်သွားရင် ပြုလုပ်တတ်တဲ့အကျင့်လေးတွေရှိကြတယ်မှတ်လား… K-popper တွေ ချစ်တဲ့ Idol တွေလည်း လူသားတွေထဲက လူသားတွေဖြစ်တာကြောင့် အရက်မူးလာရင် ပြုလုပ်တတ် တဲ့အကျင့်လေးတွေရှိတတ်ကြပါတယ်။
ကမ္ဘာ BTS အဖွဲ့ဝင်တွေဟာ သူတို့အနေနဲ့ သောက်စားတဲ့အခါကျရင် အမြဲတမ်း ပျော်ရွှင်စရာအမှတ် တရတွေကျန်ရစ်တတ်ကြပါတယ်။ ဘာလို့လည်းဆိုတော့ တစ်ဦးနဲ့တစ်ဦး အကျင့်လေးတွေမတူကြလို့ ပါ။ BTS အဖွဲ့ရဲ့ ခေါင်းဆောင်ပီသသူ RM ရဲ့ အရက်မူးလာရင် ပြုလုပ်တတ်တဲ့အကျင့်လေးတွေကို ဖော်ပြပေးချင်ပြီး အဲဒီအကျင့်ကို RM က ပြောဆိုထားတာဖြစ်ပါတယ်။
Fan Sign Event မှာ ARMY တစ်ဦးက RM ကို အရက်မူးလာရင် ဘာလုပ်တတ်လဲဆိုတာကို မေးမြန်း ရာကနေ RM က ဖြေကြားထားပါ။ RM ရဲ့အဆိုရတော့ သူဟာ အရက်မူးလာရင် အများဆုံးလုပ်တာ ကတော့ ကတာနဲ့ အနီးနားကလူတွေကို Kiss ပေးလေ့ရှိတာပါတဲ့။ ပြီးတော့ စိတ်ခံစားမှုတွေ ပြင်းထန် လာရင်တော့ မျက်ရည်တွေကျတဲ့အထိကို ဖြစ်တတ်ပါတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ တစ်ခါတစ်လေကျရင် သူ့ရဲ့ ပစ္စုပ္ပန်စိတ်ခံစားမှုအတက်အကျပေါ် မူတည်ပြီး မနက်ဖြန်မရှိသ လို စိတ်လွတ်ကိုယ်လွတ်ရယ်မောနေတတ်တယ်လို့ ဆိုပါတယ်။ အခန်းထဲမှာ တစ်ယောက်တည်း သီ ချင်းတွေအကျယ်ကြီးအော်ဆိုတာမျိုးလည်း ပြုလုပ်တတ်ပါတယ်။
အရက်တွေအရမ်းမူးပြီး စိတ်ခံစားမှုတွေလည်း အတည်တကျဖြစ်သွားရင်တော့ အိပ်ပျော်သွားတာပဲလို့ RM က ပြောခဲ့ပါတယ်။ RM ရဲ့ဆိုပုံအရ သူ့အနေနဲ့ အရက်မူးလာရင် သေချာတစ်ခုကတော့ ပတ်ဝန်း ကျင်ကို ပျော်ရွှင်အောင်ဖန်တီးပေးနိုင်တာပဲဖြစ်ပါတယ်။
-m2t
Ref: Koreaboo