K pop

■ Dynamite MV ထဲက Oufit တွေကို လေလံတင်ရောင်းချပြီး BTS လှူဒါန်းမယ်

—- BTS အဖွဲ့ဟာ “ Dynamite” MV ထဲက သူတို့ဝတ်ဆင်ခဲ့တဲ့ Outfits တွေကို လေလံတင် ရောင်းချပြီး ပရဟိတအဖွဲ့အစည်းတွေထံ လှူဒါန်းမယ်လို့ သိရပါတယ်။

BTS အဖွဲ့အနေနဲ့ အခုလို သူတို့ရဲ့ MV ထဲက ဝတ်စုံတွေနဲ့အသုံးအဆောင်တွေကို ပထမဆုံးအကြိမ် ရောင်းချပြီး လှူဒါန်းမှုပြုလုပ်တာဖြစ်ပါတယ်။ အဆိုပါ လေလံတင်မှုကို ဇန်နဝါရီလ 29 ရက်နေ့ Beverly Hills, California မှာပြုလုပ်မှာဖြစ်ပြီး Julien’s Auctions ရဲ့ အမှုဆောင်အရာချုပ်တစ်ဦးဖြစ် သူ Martin Nolan က အတည်ပြုထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

“Dynamite” MV ထဲက ဝတ်စုံတွေအပြင် အသုံးအဆောင်ပစ္စည်းတွေကိုပါ လေလံတင်ရောင်းချမှာဖြစ် ပါတယ်။ BTS အဖွဲ့ဟာ အရင်တုန်းကလည်း Julien’s Auctions ကနေတဆင့် သူတို့ရဲ့ မိုက်ခရိုဖုန်း တွေကို လေလံတင်ရောင်းချဖူးပြီး ကန်ဒေါ်လာ 83,200 အထိ အမြင့်ဆုံးဈေးရရှိခဲ့ပါတယ်။

အခု သူတို့ရဲ့ဝတ်စုံတွေကိုတော့ အနည်းဆုံး ကန်ဒေါ်လာ $20,000 ကနေ $40,000 အထိ ရမယ်လို့ ခန့်မှန်းထားပြီး GRAMMY Award Organizer Recording Academy က ဖွဲ့စည်းထားတဲ့ ပရဟိတ ပရိုဂရမ် MusiCares ကို လှူဒါန်းမယ်လို့ သိရပါတယ်။

-m2t
Ref: Koreaboo

You cannot copy content of this page