K pop

■ သင့်မှာဒီအချက်တွေပိုင်ဆိုင်ရင် Nancy ရဲ့ Ideal Type ဖြစ်ပြီပဲ

— Nancy ရဲ့ Ideal Type က ရိုးရိုးလေးပါပဲ။ သင့်မျာ ဒီအချက်တွေသာပိုင်ဆိုင်ရင် Nancy ရဲ့ Ideal Type ဖြစ်ပါပြီ။

MOMOLAND အဖွဲ့ထဲမှာ ပရိသတ်တွေရဲ့ချစ်ခင်မှုကို အများဆုံးရရှိထားတဲ့ Nancy ဟာ bnt မဂ္ဂဇင်းနဲ့ အင်တာဗျူးတုန်းက သူမရဲ့ Ideal Type ကို ဖွင့်ဟခဲ့တာပါ။

Nancy ဟာ အခုချိန်မှာ အသက်(၂၀)ပြည့်သွားပြီဖြစ်ပြီး သူမရဲ့ ကာရိုက်တာက ဒီလိုမျိုးပါလို့ အရင်ဆုံး ဖွင့်ဟခဲ့ပါတယ်။ “ တကယ်တော့ ကျွန်မဟာ ခပ်ပေါပေါနဲ့ ရယ်မောပျော်ရွှင် တတ်သူ ဖြစ်ပါတယ်။ ကျွန်မရဲ့သူငယ်ချင်းအများစုကတော့ ကျွန်မရဲ့ အဲဒီစရိုက်ကို Cute ဖြစ်တယ်လို့ ဆိုကြပါတယ်” -Nancy

ထပ်ပြီး Nancy က သူမရဲ့ Ideal Type နဲ့ပတ်သက်ပြီး “ များသောအားဖြင့် လူတွေက သူနဲ့ အကျင့် စရိုက်ဆင်တူတဲ့ လူတွေပဲရွေးချယ်တတ်ကြတယ်မဟုတ်လား။ ကျွန်မဟာလည်း ရယ်တဲ့အချိန် လှပ နေတတ်သူ၊ အမြဲတမ်းပျော်ရွှင်နေတတ်သူတွေကို နှစ်သက်ပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့ သူကလည်း ကျွန်မကို ဆွဲဆောင်စေပါတယ်” လို့ ဖွင့်ဟခဲ့ပါတယ်။

နောက်ပြီး လက်ရှိအချိန်မှာ သူမအနေနဲ့ သေချာတဲ့ဝါသနာပျောက်ဆုံးနေပြီး အဲဒီအတွက် စိုးရိမ်နေရ ကြောင်းနဲ့ ဝါသနာကို တစိုက်စိုက်မတ်မတ်လုပ်နေတဲ့သူတွေကိုတွေ့ရင် အားကျနေရတယ်လို့လည်း Nancy က ဖွင့်ဟခဲ့ပါတယ်။

-m2t
Ref: Koreaboo

 

You cannot copy content of this page