K pop

■ ARMY တွေကို ချေတစ်လှည့် ကြွေတစ်လှည့် အမျိုးမျိုးလုပ်တတ်တဲ့ Worldwide Handsome

Jin က ARMY တွေကို ချစ်တယ်။ ARMY တွေကလည်း Jin ကိုချစ်တယ်။ Jin လောက် ARMY တွေ အကြောင်းကို သိတာ Jin ပဲရှိတယ်။ ချေတစ်လှည့် ကြွေတစ်လှည့်နဲ့ ARMY တွေကို လှည့်ဖြားတတ် သူကြီး။

Weverse မှာ ARMY တစ်ဦးကို Jin ကို အခုလိုပြောတယ်။ “ Jin … မင်းကိုင်ထားတဲ့ မှီအုံးဟာ တကယ်တော့ မှီအုံးမဟုတ်ဘူး။ ငါ့ရဲ့ နှလုံးသားပါတဲ့”။ စကားတတ်တဲ့ ARMY ကို Jin ချေလိုက်ပုံက “ ဒါ မှီအုံးပါပဲ”။

ပြီးခဲ့တဲ့ Live Stream တစ်ခုမှာ ARMY တွေက အစုလိုက်အပြုံလိုက် ဓါတ်ကျပြီး Jin ကို လက်ထပ် ခွင့်တောင်းဆိုခဲ့ကြပါတယ်။ Jin က ထပ်ချေပြန်တယ်။ “ အိုကေ…အဓိပ္ပါယ်မရှိတာတွေ ရပ်တော့”တဲ့။

“ Seokjin ကို ငါ လက်ထပ်နိုင်ဖို့ ပိုက်ဆံဘယ်လောက်ကုန်ကျနိုင်သလဲ” ARMY တစ်ဦးက မေးပြန်ပါ တယ်။ “ $~24,885,132.00 USD ” လို့ ဆိုကာ သူ့ကို လက်ထပ်ဖို့မဖြစ်နိုင်ဘူးလို့ Jin က ချေခဲ့ပြန်ပါ တယ်။ Concert တွေမှာလည်း လက်ထပ်ဖို့ ARMY တွေရဲ့ တောင်းဆိုမှုကို Jin က ဒီနည်းတွေအတိုင်း ချစ်စရာကောင်းစွာ တုံ့ပြန်ခဲ့ပါတယ်။

Jin ဟာ ARMY တွေကို ချေပါတယ်။ ဒါပေမဲ့ ကြွေအောင်လည်း လုပ်တတ်သူပါ။ “ “ARMYing~ ဒီ အဓိပ္ပါယ်က ARMY I Love You” လို့ပြောတာပါ။ “ အရမ်းချစ်တယ်…ARMY…ဒုတ်..ဒုတ်(နှလုံးခုန်သံ )”။

“ ဘယ်အချိန်မှာမဆို ARMY တွေရဲ့ အချစ်တွေကိုရရင် ကျွန်တော်လည်း ရတဲ့အချိန်တိုင်း ပျော်ရွှင်ပါ စေလို့ ARMY တွေကို ဆုတောင်းပေးနေပါတယ်။ ကျေးဇူးပြုပြီး ကျန်းမာအောင်နေကြပါ…ARMY…I Love You”။

ဒီလိုတွေ ARMY တွေကို အရမ်းချစ်တယ်၊ ကျန်းမာအောင်နေပါ လို့ ပါးစပ်ဖျားက မချအောင် ပြော တတ်ပြီး ကြွေအောင်လည်း Jin က လုပ်တတ်သူဖြစ်ပါတယ်။ Jin တစ်ယောက် ဘယ်လောက်ပဲ ချေချေ၊ ဘယ်လောက်ကြွေကြွေ အမျိုးမျိုးလှည့်စားတတ်ပါစေ ARMY တွေလိုချင်တာဟာ ကမ္ဘာပေါ်က (၆)ဘီလီယံရှိသော အပြုံးတွေထက် Jin ရဲ့ အပြုံးတစ်ခုကိုပဲ မြင်ချင်ကြတာမဟုတ်လား။

-m2t
Ref: Koreaboo

You cannot copy content of this page