— – – – Seungri အနေနဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်(၃)နှစ်အပြင် …
BIGBANG အဖွဲ့ဝင် Seungri ရဲ့ အမှုကို ဒီနေ့ စစ်ခုံရုံးမှာ နောက်ဆုံးအနေနဲ့ စစ်ဆေးခဲ့ပြီး အမိန့်ချမှတ်ခဲ့ပါတယ်။ Seungri ဟာ Burning Sun အမှုအပါအဝင် စွဲချက် (၉)ခုနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။
၂၀၀၉ ခုနှစ်က ပေါ်ပေါက်ခဲ့တဲ့ Burning Sun နဲ့အတူ Seungri ရဲ့ တရားရင်ဆိုင်ခဲ့ရတာ ဖြစ်ပြီး (၂)နှစ်ကျော်အကြာမှာ အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
စစ်ခုံရုံးရဲ့ အမိန့်ချမှတ်မှုအရ Seungri အနေနဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၃)နှစ် ချခံရမှာဖြစ်သလို၊ ဒဏ်ကြေးအနေနဲ့ 1,156,900,000 won (approximately $994,544) ဆောင်ရမှာပါ။
စစ်ခုံရုံးရဲ့ ထုတ်ပြန်ချက်မှာ “တရားခံဟာ Yoo In Suk နဲ့ ပေါင်းပြီး နိုင်ငံခြားသားတွေအတွက် အပျော်မယ်တွေ ရှာပေးခဲ့ပြီး အဲဒီကနေ ငွေကြေးအကျိုးအမြတ် များစွာ ရရှိခဲ့ကြောင်း၊ အဲဒီလုပ်ရပ် ပြည်သူလူထုအပေါ် ဆိုးရွားတဲ့ သက်ရောက်မှု ဖြစ်စေကြောင်း” ဖော်ပြပါရှိပါတယ်။
Seungri ဟာ ကနဦးက အဲဒီစွဲချက် (၉)ခုမှာ Foreign Exchange Transactions Act တစ်ခုကိုသာ ဝန်ခံခဲ့ပေမဲ့ အခုလို ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
အဲဒီအမှုကို တက်ရောက်ခဲ့တဲ့ မျက်မြင်သက်သေတွေရဲ့ ပြောကြားချက်အရ အမိန့်ချမှတ်အပြီးမှာ Seungri အဖမ်းခံခဲ့ရပြီး အခုပြစ်ဒဏ်ကြောင့် စက်တင်ဘာလလယ်မှာ ပြီးဆုံးမယ့် သူ့ရဲ့စစ်မှုထမ်းတာဝန်ဟာလည်း ပြီးဆုံးသွားပြီလို့ ကိုရီးယားမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
Ref: Soompi
-Zawgyi
■ BIGBANG အဖဲြ႕၀င္ Seungri အလုပ္ၾကမ္းနဲ႔ ေထာင္ဒဏ္(၃)ႏွစ္ ခ်မွတ္ခံရ
— – – – Seungri အေနနဲ႔ အလုပ္ၾကမ္းနဲ႔ ေထာင္ဒဏ္(၃)ႏွစ္အျပင္ …
BIGBANG အဖဲြ႕၀င္ Seungri ရဲ႕ အမႈကုိ ဒီေန႔ စစ္ခုံ႐ုံးမွာ ေနာက္ဆုံးအေနနဲ႔ စစ္ေဆးခဲ့ၿပီး အမိန္႔ခ်မွတ္ခဲ့ပါတယ္။ Seungri ဟာ Burning Sun အမႈအပါအ၀င္ စဲြခ်က္ (၉)ခုနဲ႔ ရင္ဆုိင္ခဲ့ရတာျဖစ္ပါတယ္။
၂၀၀၉ ခုႏွစ္က ေပၚေပါက္ခဲ့တဲ့ Burning Sun နဲ႔အတူ Seungri ရဲ႕ တရားရင္ဆုိင္ခဲ့ရတာ ျဖစ္ၿပီး (၂)ႏွစ္ေက်ာ္အၾကာမွာ အမိန္႔ခ်မွတ္ခဲ့တာ ျဖစ္ပါတယ္။
စစ္ခုံ႐ုံးရဲ႕ အမိန္႔ခ်မွတ္မႈအရ Seungri အေနနဲ႔ အလုပ္ၾကမ္းနဲ႔ ေထာင္ဒဏ္ (၃)ႏွစ္ ခ်ခံရမွာျဖစ္သလုိ၊ ဒဏ္ေၾကးအေနနဲ႔ 1,156,900,000 won (approximately $994,544) ေဆာင္ရမွာပါ။
စစ္ခုံ႐ုံးရဲ႕ ထုတ္ျပန္ခ်က္မွာ “တရားခံဟာ Yoo In Suk နဲ႔ ေပါင္းၿပီး ႏုိင္ငံျခားသားေတြအတြက္ အေပ်ာ္မယ္ေတြ ရွာေပးခဲ့ၿပီး အဲဒီကေန ေငြေၾကးအက်ဳိးအျမတ္ မ်ားစြာ ရရွိခဲ့ေၾကာင္း၊ အဲဒီလုပ္ရပ္ ျပည္သူလူထုအေပၚ ဆုိးရြားတဲ့ သက္ေရာက္မႈ ျဖစ္ေစေၾကာင္း” ေဖာ္ျပပါရွိပါတယ္။
Seungri ဟာ ကနဦးက အဲဒီစဲြခ်က္ (၉)ခုမွာ Foreign Exchange Transactions Act တစ္ခုကုိသာ ၀န္ခံခဲ့ေပမဲ့ အခုလုိ ျပစ္ဒဏ္ခ်မွတ္ခံခဲ့ရတာ ျဖစ္ပါတယ္။
အဲဒီအမႈကုိ တက္ေရာက္ခဲ့တဲ့ မ်က္ျမင္သက္ေသေတြရဲ႕ ေျပာၾကားခ်က္အရ အမိန္႔ခ်မွတ္အၿပီးမွာ Seungri အဖမ္းခံခဲ့ရၿပီး အခုျပစ္ဒဏ္ေၾကာင့္ စက္တင္ဘာလလယ္မွာ ၿပီးဆုံးမယ့္ သူ႕ရဲ႕စစ္မႈထမ္းတာ၀န္ဟာလည္း ၿပီးဆုံးသြားၿပီလို႔ ကုိရီးယားမီဒီယာေတြက ေဖာ္ျပခဲ့ပါတယ္။
Ref: Soompi