— MTV ဟာ အခုနှစ်ဆုပေးပွဲအတွက် ဆန်ခါတင်စာရင်းဝင်ခဲ့ကြတဲ့ K-pop Artist တွေကို ကြေညာ ခဲ့….
သြဂုတ်လ 11 ရက်နေ့က MTV ဟာ 2021 MTV VIdeo Music Awards ဆုပေးပွဲအတွက် ဆန်ခါတင် စာရင်းဝင်ခဲ့ကြတဲ့ K-pop Artist တွေကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ Best Group နဲ့ Song Of The Summer အပါအဝင် Social Categories အတွက် ဆန်ခါတင်စာရင်းတွေကိုတော့ နောက်မှ ကြေညာမယ်လို့ သိရပါတယ်။
အခုနှစ်အတွက် Best K-Pop ဆုအတွက် ဆန်ခါတင်စာရင်းဝင်တဲ့ သီချင်းတွေကတော့ (G)I-DLE’s “DUMDi DUMDi” ၊ BLACKPINK and Selena Gomez’s “Ice Cream” ၊ BTS’s “Butter” ၊ MONSTA X’s “Gambler” ၊ SEVENTEEN’s “Ready to Love” နဲ့ TWICE’s “Alcohol-Free” တို့ ဖြစ်ပါတယ်။
ကမ္ဘာကျော် အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ BTS ဟာ 2021 MTV VIdeo Music Awards ရဲ့ 5 Categories မှာ ဆန်ခါတင်စာရင်းဝင်ခဲ့ပြီး Best K-Pop မှာ “Butter” ၊ Song of the Year မှာ “Dynamite“ ၊ Best Pop ၊ Best Choreography နဲ့ Best Editing တို့မှာ “Butter” သီချင်းက ဆန်ခါတင်စာရင်းဝင်ခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်ကလည်း BTS ဟာ Best Group ၊ Best Pop ၊ Best Choreography နဲ့ Best K-Pop ဆု တွေကို သိမ်းကြုံရယူခဲ့တာဖြစ်ပါတယ်။ 2021 MTV Video Music Awards ဆုပေးပွဲကို New York မြို့ Barclays Center မှာ စက်တင်ဘာ လ 12 ရက်မှာ ကျင်းပမှာဖြစ်ပါတယ်။
-m2t
Ref: Soompi