—- သူ့ခေတ်သူ့ခါ သူတို့မျိုးဆက်မှာတုန်းက Girls’ Generation အဖွဲ့ဝင် Hyoyeon ကို Queen Of Dancing ဆိုပြီး တင်စားကြတာပါ။ Queen Of Dancing က EXO ရဲ့ Dancing King ကို တွေ့တဲ့အ ခါမှာတော့ လက်ဖျားတောင်ခါပါသတဲ့…
Girls’ Generation အဖွဲ့ဝင် Hyoyeon ဟာ လက်ရှိ အမျိုးသား K-pop Idol တွေအနက် Dancing King လို့ တင်စားကြတဲ့ Idol တွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်တဲ့ EXO အဖွဲ့ဝင် Kai ရဲ့ အကစွမ်းရည် ကို လေ့ကျင့်ခန်းဆင်းကတည်းက တွေ့မိပြီး လက်ဖျားတောင်ခါခဲ့ရပါတယ်လို့ ချီးကျူးခဲ့ပါတယ်။
Hyoyeon ဟာ မကြာသေးခင်က သူမရဲ့ Single အသစ် Second ကို ထုတ်လွှင့်ထားပြီး အင်တာဗျူး တွေ၊ ပရိုမိုးရှင်းတွေ၊ YouTube မှာ ဗီဒီယိုတွေတင်ပြီး ဆက်တိုက်လှုပ်ရှားမှုတွေပြုလုပ်ထားတာဖြစ်ပါ တယ်။ YouTube Channel ၊ အင်တာဗျူးနဲ့ VLIVE တွေမှာ Hyoyeon ဟာ EXO အဖွဲ့ဝင် Kai ရဲ့ အကစွမ်းရည်ကို Mention ပေးခဲ့တာဖြစ်ပါတယ်။
YouTube Channel မှာတင်ခဲ့တဲ့ ဗီဒီယိုတစ်ခုမှာဆိုရင် Hyoyeon က သူမဟာ Kai ရဲ့ အကကို ပထမဆုံးတွေ့ပြီးကတည်းက လက်ဖျားခါရအောင် မှင်သက်မိခဲ့တယ်လို့ ဆိုပါတယ်။
“ ကျွန်မရဲ့ လေ့ကျင့်ခန်းဆင်းတဲ့နေ့တွေတုန်းကဆိုရင် အကနဲ့ပတ်သက်ပြီး ကျွန်မ အပတ်တကုတ် ကြိုးစားလေ့ကျင့်တာပါ။ အကနဲ့ပတ်သက်ပြီး ကောင်းပါတယ်ဆိုတဲ့ Male Trainee တွေကို ကျွန်မ မကြောက်ပါဘူး။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပြီး သူတို့ကို သာအောင် ကနိုင်တယ်လို့ ထင်မှတ်ခဲ့တာ ပါ။
ကျွန်မ သူတို့ကို အလွယ်တကူအနိုင်ယူနိုင်ဆိုပြီးပဲ ယုံကြည်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ Kai ရဲ့ အကကို မြင်ပြီးတဲ့အခါမှာ ကျွန်မ မှင်သတ်ခဲ့ရသလို တစ်ခါတည်း ကြွေကျသွားတာဖြစ်ပါတယ်”
– Hyoyeon
-m2t
Ref: SBSstar