K pop

■ တိရိစ္ဆာန်ချစ်ပေမယ့် ဘာကြောင့် Jimin တိရိစ္ဆာန်မမွေးတာလဲ

—- Jimin ဟာ ဘာကြောင့် တိရိစ္ဆာန်မမွေးတာလဲဆိုတော့ အကြောင်းပြချက်ကို ARMY တွေ ကြွေ…

တောင်ကိုရီးယား Cele အများစုဟာ ချစ်စရာကောင်းတဲ့ ကြောင်တွေ၊ ခွေးတွေကို မွေးလေ့ရှိတာ သူတို့ရဲ့ ဓလေ့လိုဖြစ်နေပါပြီ။ Cele မဟုတ်ဘဲ တောင်ကိုရီးယားပြည်သူတွေဟာ တိရိစ္ဆာန်တွေကို အ လွန်ချစ်တတ်ကြကာ ခွေးတွေ၊ ကြောင်တွေကို ပိုးမွေးသလို မွေးတတ်ကြတာဖြစ်ပါတယ်။

BTS အဖွဲ့ဝင် Jimin က သူဟာ တိရိစ္ဆာန်ကို အလွန်ချစ်ပေမယ့် ဘာကြောင့် တိရိစ္ဆာန်မမွေးတာလဲဆို တဲ့ အကြောင်းပြချက်ကို သြဂုတ်လ 11 ရက်နေ့ VLIVE လွှင့်တုန်းက ပြောခဲ့ပါတယ်။

VLIVE လွှင့်နေစဉ်အတောအတွင်းမှာ ARMY တစ်ဦးက Jimin ကို အနာဂတ်မှာ တိရိစ္ဆာန်မွေးဖို့ အတွေးမရှိဘူးလားလို့ မေးခဲ့ပါတယ်။

ဒီမေးခွန်းကို Jimin က “ တကယ်တော့ တိရိစ္ဆာန်မွေးဖို့ ကျွန်တော့်မှာအတွေးရှိပါတယ်။ ဘာလို့လည်း ဆိုတော့ တိရိစ္ဆာန်တွေကို ကျွန်တော် ချစ်တတ်ပါတယ်။ အထူးသဖြင့် ကြောင်နဲ့ ခွေးတွေကို ချစ်ပါ တယ်။ ဒါပေမဲ့ ကြောင်ကို မွေးဖို့ကြတော့ ကျွန်တော့်မှာ အလာဂျစ်ရှိပါတယ်။ ကြောင်နဲ့အတူရှိနေရင် ကျွန်တော် အလာဂျစ်တွေဖြစ်ပါတယ်။ ဒါကြောင့် ကြောင်တော့ ကျွန်တော်မမွေးနိုင်ပါဘူး။

ဒါပေမဲ့ ခွေးကတော့ အဆင်ပြေတာကြောင့် မွေးချင်ပါတယ်။ အခုလောလောဆယ် မွေးပြီးရင် တာ ဝန်မယူနိုင်သေးလို့ မမွေးသေးတာပါ။ သိတဲ့အတိုင်း ကျွန်တော် အလုပ်အရမ်းများတာကြောင့် ကျွန် တော်မရှိတဲ့အချိန် ခွေးဟာ အရမ်းအထီးကျန်နေပါလိမ့်မယ်။ ကျွန်တော့််ရဲ့ မိဘတွေကလည်း ဘူဆန် မှာရှိတာကြောင့် ခွေးကို ဂရုစိုက်ပေးနိုင်မှာမဟုတ်ပါဘူး။ ကျွန်တော်မရှိတဲ့အချိန် ကျွန်တော့်ခွေးကို ဘယ်သူမှ ဂရုစိုက်ပေးမယ့်သူမရှိလို့ပါ။ ဒါကြောင့် ကျွန်တော် အသက် 40 ဒါမှမဟုတ် 50 လောက် ဆိုရင်တော့ ခွေးမွေးဖြစ်မယ်ထင်ပါတယ်” လို့ ပြန်ဖြေကြားခဲ့ပါတယ်။

-m2t
Ref: SBSstar

You cannot copy content of this page