K pop

■ Suga ကိုပိုကောင်းအောင် ပြုလုပ်ပေးနေတဲ့အရာ

– – -Suga ရဲ့ အနုပညာအပေါ်ထားတဲ့ စိတ်ဓာတ်ကတော့ လေးစားစရာကောင်းလွန်းတယ်လု့ိ ဆိုရမှာပါ။

BTS အဖွဲ့ဝင် Suga ဟာ အရည်အချင်းပိုင်းနဲ့ ပတ်သက်ရင် ပြောစရာမလိုတဲ့ Idol တစ်ယောက်ဖြစ်ပါတယ်။ ဒါ့အပြင် သူ့ရဲ့ စိတ်ဓာတ်ပိုင်း၊ ခံယူချက်တွေကလည်း အတုယူစရာဆိုတာ အင်တာဗျူးတွေမှာ အထင်းသားတွေ့ရမှာပါ။

တလောက ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာလည်း အနုပညာအပေါ်ထားတဲ့ သူ့ရဲ့ခံယူချက်က လေးစားစရာကောင်းတယ်လို့ ဆိုရမှာပါ။ Suga က သူ့ရဲ့ကိုယ်ပိုင်သီချင်းတွေက သူ့ကိုလူကောင်းတစ်ယောက်ဖြစ်လာအောင် ကူညီပေးနေတယ်လို့လည်း Suga က ဖွင့်ဟခဲ့ပါတယ်။

ဒါ့အပြင် Suga က ဘဝဟာ ခက်ခဲမှုတွေနဲ့ ပြည့်နှက်နေပြီး ရဲရင့်စွာ ရင်ဆိုင်ရမယ်လို့လည်း ပြောဆိုခဲ့ပါတယ်။ “ဘဝက ခက်ခဲပါတယ်။ အရာရာက အကောင်းဆုံးဖြစ်လာတာ မဟုတ်ဘူး။ ရဲစွမ်းသတ္တိအပြည့်နဲ့ အကောင်းဆုံးရင်ဆိုင်နိုင်ဖို့ လိုပါတယ်”လို့ Suga က ပြောဆိုခဲ့ပါတယ်။

-Chi Ko

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page