– – – သူမအနေနဲ့ သင်တန်းသူဘဝတုန်းက ရည်စားထားခဲ့ဖူးတယ်လို့ Seolhyun က ဝန်ခံသွားခဲ့တာပါ။
AOA အဖွဲ့ဝင်ဟောင်း Seolhyun ဟာ Brave Family အစီအစဉ်မှာ ပါဝင်ခဲ့ရာမှာတော့ သူမရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ပြောကြားသွားခဲ့တာပါ။ သူမအနေနဲ့ အထက်တန်းကျောင်းသူဘဝတုန်းက ရည်စားထားခဲ့ဖူးတယ်လို့ Seolhyun က ဆိုခဲ့တာပါ။
ဒါပေမဲ့ အချိန်ဇယားတွေနဲ့ အလွန်ရှုပ်နေခဲ့လို့ ကောင်းကောင်း မချိန်တွေ့နိုင်ခဲ့ဘဲ ရက် (၁၀၀) အတွင်းမှာမှ (၂) ကြိမ်သာ ဆုံခဲ့တယ်လို့ Seolhyun က ဖွင့်ဟခဲ့ပါတယ်။
“အထက်တန်းကျောင်းသူဘဝတုန်းက ရည်းစားတစ်ကြိမ် ထားခဲ့ဖူးတယ်။ အဲဒီတုန်း ကျွန်မအနေနဲ့ သင်တန်းသူအဖြစ်သာရှိသေးပြီး ရက် (၁၀၀) အတွင်းမှာမှ (၂) ကြိမ်ပဲ တွေ့ခဲ့ရတယ်”
-Seolhyun
2016 ခုနှစ်အတွင်းက Seolhyun နဲ့ Zico တို့ တွဲနေကြပြီလို့လည်း Dispatch က ဖော်ပြခဲ့ပါသေးတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်ဟာ (၆) လအကြာမှာပဲ လမ်းခွဲခဲ့ကြတယ်လို့လည်း သိရပါတယ်။
-Chi Ko
Ref: Koreaboo
* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *