K pop

■ Nam Do San နဲ့ Han Ji Pyeong ဘယ်သူ့ကို အနှစ်သက်ဆုံးလဲ

— မြန်မာပြည်က K Drama ချစ်သူတွေရော မေးပါပြီ… Nam Do San နဲ့ Han Ji Pyeong ဘယ်သူ့ကို အနှစ်သက်ဆုံးလဲ ???

မကြာသေးခင်က လက်ရှိအချိန် Viewer တွေများပြားပြီး ကြိုက်နှစ် သက်မှုရရှိနေတဲ့ Netflix Drama “Start Up” ထဲက အမျိုးသား အဓိကသရုပ်ဆောင်နှစ်ဦးရဲ့ ပေါ်ပြူ လာ ဖြစ်မှုကို စမ်းသပ်ခဲ့ပြီး ထွက်ပေါ်လာတဲ့ရလဒ်က အံ့အားသင့်စရာကောင်းခဲ့ပါတယ်။

“Start Up” ဒရာမာထဲက ကာရိုက်တာတွေဖြစ်တဲ့ Nam Do San (Nam Joo Hyuk) နဲ့ Han Ji Pyeong (Kim Seon Ho) တို့ထဲက ဘယ်သူ့ကို အနှစ်သက်ဆုံးလဲလို့ Voting လုပ်ခဲ့တာဖြစ်ပါတယ်။

“ မင်းသာ Dal Mi ဆိုရင် Nam Do San နဲ့ Han Ji Pyeong ဘယ်သူ့ကို ရွေးမလဲ” ဆိုတဲ့ ခေါင်းစဉ်နဲ့ Voting ပြုလုပ်ခဲ့တာဖြစ်ပြီး ထွက်ပေါ်လာတဲ့ရလဒ်တွေအရ Vote 44,979 အသာနဲ့ Han Ji Pyeong က နှစ်သက်ခံခဲ့ရတာဖြစ်ပါတယ်။ Nam Do San က Vote 10,268 သာရရှိခဲ့ပါတယ်။

ပုံမှန်အားဖြင့်တော့ ကိုရီးယားဒရာမာတွေမှာ Lead Male ကာရိုက်တာတွေသာ ပရိသတ်တွေရဲ့ ချစ် ခင်နှစ်သက်ဆုံးကို ခံရတာဖြစ်ပေမယ့် “Start Up” ဒရာမာထဲမှာတော့ မင်းသား Kim Seon Ho က ပရိသတ်တွေရဲ့ နှစ်သက်မှုကို ခံနေရတာဖြစ်ပါတယ်။ ဒီဒရာမာကြောင့်ပဲ Kim Seon Ho ဟာ တစ် ဟုန်ထိုးနာမည်ကြီးလာခဲ့ပြီး မီဒီယာတွေရဲ့အထက်မှာ သူ့ရဲ့ပုံရိပ်နဲ့ သတင်းတွေချည်ပဲ ဖြစ်နေတာဖြစ် ပါတယ်။

-m2t
Ref: allkpop

You cannot copy content of this page