— -Belle Mariano က သူမအနေနဲ့ ဒီ BTS အဖွဲ့ဝင်ကို Crush နေရပါတယ်လို့ ဆိုခဲ့ပြီး…
BTS အဖွဲ့ဝင်တွေကို သာမန်ပရိသတ်တွေသာမက နာမည်ကြီးဆယ်လီတွေကလည်း အားပေးဝန်းရံကြတာ ဖြစ်ပါတယ် ။
ဒါကြောင့် BTS အဖွဲ့ဝင်တွေရဲ့ ပရိသတ်တွေဖြစ်တဲ့ ကမ္ဘာကျော်ဆယ်လီပေါင်းများစွာလည်း ရှိနေပါတယ်။ အခုနောက်ဆုံးအနေနဲ့ ဖီလစ်ပိုင် မင်းသမီး Belle Mariano ကလည်း BTS ပရိသတ်ဖြစ်ကြောင်း ဆိုခဲ့ပါတယ်။
Belle Mariano ဟာ အသက် (၉) နှစ်အရွယ်ကတည်းက ကလေးသရုပ်ဆောင်အနေနဲ့ အနုပညာလမ်းကြောင်းကို လျှောက်လှမ်းခဲ့သူ ဖြစ်ပါတယ်။
ABS-CBN Star Cinema ရဲ့ 25 Questions အင်တာဗျူးမှာတော့ Belle ဟာ BTS ထဲမှာ သူမအကြွေရဆုံး အဖွဲ့ဝင်ကို ဖွင့်ဟခဲ့တာပါ။ အဲဒီအဖွဲ့ဝင်က တခြားသူမဟုတ်ဘဲ Jungkook ပဲ ဖြစ်ပါတယ်။
-Ref: Koreaboo