K pop

■ (၆) နှစ်ကျော်ကြာမှ ပထမဆုံးအကြိမ် Bank အကောင့်ထဲ ပိုက်ဆံစုနိုင်ခဲ့တဲ့ Brave Girls အဖွဲ့ဝင်

– –သူမတို့အဖွဲဟာ မအောင်မြင်အချိန်တုန်းက အခက်အခဲများစွာ ကြုံတွေ့ခဲ့ရပြီး…

သြဂုတ်လ (၁၁) ရက်နေ့က Brave Girlsအဖွဲ့ဝင် Yujeong အနေနဲ့ KBS Joy ရဲ့The Demonstration Museum မှာ ဧည့်သည်အဖြစ် ပါဝင်ခဲ့ပါတယ်။

အဲဒီမှာ Yujeong က သူမတို့အဖွဲ့ရဲ့ မအောင်မြင်က အခက်အခဲတွေအကြောင်းနဲ့ ပတ်သက်လို့ ဖွင့်ဟခဲ့တာပါ။ အဲဒီမှာ Yujeong အနေနဲ့ မအောင်မြင်ခင်က ဘယ်လိုအခြေအနေ ရှိခဲ့သလဲလို့ အမေးခံခဲ့ရပါတယ်။

မအောင်မြင်ခင်အချိန်ကဆို အေဂျင်စီကိုလည်း များစွာအားနာမိကြောင်း၊ သူမတို့ဟာ အေဂျင်စီအတွက် ဘာဝင်ငွေမှ ရှာဖွေပေးနိုင်ခဲ့ခြင်းမရှိကြောင်း၊ သူမတို့ အိမ်လခပေးဖို့ ငွေမရှိလို့ အေဂျင်စီရဲ့ တည်တောင်သူ Brave Brothers ကိုယ်တိုင် သူ့အိတ်ထဲကနေ စိုက်ပေးခဲ့ရကြောင်း ဖွင့်ဟခဲ့ပါတယ်။

သူမတို့ အောင်မြင်ကျော်ကြားလာခဲ့ပြီးနောက် (၆) နှစ်အတွင်း ပထမဆုံး ဝင်ငွေရရှိခဲ့ကြောင်းလည်း Yujeong က ဆိုပါတယ်။ “(၆) နှစ်အတွင်း ဒါဟာ ကျွန်မတို့ရဲ့ ပထမဆုံး ဝင်ငွေဖြစ်ခဲ့ပါတယ်”လို့ Yujeong က ဖွင့်ဟခဲ့ပါတယ်။

အခုတော့ Brave Girls အဖွဲ့ဝင်တွေအနေနဲ့ အောင်မြင်မှုလမ်းကြောင်းပေါ် လျှောက်လှမ်းနေနိုင်ပြီပဲ ဖြစ်ပါတယ်။

You cannot copy content of this page