— စစ်မှုတာဝန်ထမ်းဆောင်ပြီးကတည်းက D.O. ရဲ့ ဒရာမာအသစ်ကို မျှော်လင့်နေတဲ့ EXO-L တွေ အတွက် ဆန္ဒတွေ ပြည့်ဝတော့မှာလား…
EXO အဖွဲ့ဝင် D.O. ဟာ ဒရာမာအသစ်အတွက် ခေါင်းဆောင်မင်းသားနေရာကနေ ကမ်းလှမ်းမှုကို ရရှိထားကာ ဆွေးနွေးနေတယ်လို့ သိရပါတယ်။
သြဂုတ်လ 13 ရက်နေ့က SPOTV News သတင်းစာရဲ့ဖော်ပြချက်အရ D.O. ဟာ “True Swordsmanship” လို့အမည်ရတဲ့ ဒရာမာအသစ်အတွက် ကမ်းလှမ်းမှုကိုရရှိထားတယ်လို့ ဖော်ပြခဲ့ပါ တယ်။ အဆိုပါသတင်းက SM Entertainment ကလည်း အတည်ပြုခဲ့ပြီး အခုလို ထုတ်ပြန်ခဲ့ပါတယ်။
“ D.O. ဟာ “True Swordsmanship” ဒရာမာအသစ်အတွက် ကမ်းလှမ်းမှုကို ရရှိထားတာအမှန်ပဲ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ D.O. ဟာ ဒရာမာအသစ်အတွက် အကောင်းဘက်ဦးတည်ပြီး ဆွေး နွေးနေတာဖြစ်ပါတယ်” လို့ SM က ဖော်ပြခဲ့တာပါ။
“True Swordsmanship” ဒရာမာဟာ အကျင့်ပျက်ခြစားမှုကို တွန်းလှန်ပြီး အမှုတရားလိုပြုလုပ်မယ့် အစိုးရရှေ့နေအကြောင်းကို ဖော်ပြမယ့် ဒရာမာတစ်ခုဖြစ်ကာ D.O. က Jin Jung ကာရိုက်တာနေရာ အတွက် ကမ်းလှမ်းခံထားရတာဖြစ်ပါတယ်။
D.O. ဟာ 2012 ခုနှစ် သရုပ်ဆောင်မင်းသားအဖြစ် Debut လုပ်ခဲ့တာဖြစ်ပြီး “It’s Okay, That’s Love” ဒရာမာ၊ “Swing Kids.” ရုပ်ရှင် ၊ “100 Days My Prince“ ဒရာမာတို့နဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာလည်း D.O. ဟာ “The Moon” ရုပ်ရှင်ကို ရိုက် ကူးနေပါတယ်။
-m2t
Ref: Soompi