K pop

■ ဒါကြောင့် Baekhyun က Mark ကို လိုအပ်တာပါတဲ့

– – -သူအနေနဲ့ Mark ကို လိုအပ်တယ်လို့ Baekhyun က ဖွင့်ဟသွားခဲ့တာဖြစ်ပြီး…….

ှSuperM အဖွဲ့ဟာ သူတို့ရဲ့ Album Super One နဲ့ 100 သီချင်းကို ပရိုမိုးရှင်း ဆင်းစဉ်အခါတုန်းက Knowing Brothers အစီအစဉ်မှာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

SuperM အဖွဲ့ဟာ US မှာ နာမည်ကျော်တာကြောင့် အစီအစဉ်တင်ဆက်သူက သူတို့ရဲ့ အင်္ဂလိပ်စကားပြောစွမ်းရည်နဲ့ ပတ်သက်ပြီး မေးခဲ့ပါတယ်။ ဒီအခါမှာတော့ EXO အဖွဲ့ဝင် Baekhyun က “Hi guys we are SuperM”လို့ မိတ်ဆက်ခဲ့ရာမှာတော့ Baekhyun ရဲ့ ပြောဆိုပုံကို အားလုံးပွဲကျခဲ့ပါတယ်။

အဲဒီနောက် Taeyong ကို အင်္ဂလိပ်စကား ပြောနိုင်လားလို့ အစီအစဉ်တင်ဆက်သူတစ်ယောက်က မေးခဲ့ရာမှာတော့ Taeyong က သူ့အနေနဲ့ US မှာ ပရိုမိုးရှင်းဆင်းကတည်းက အင်္ဂလိပ်စကားပြော သင်ယူနေကြောင်း ဆိုခဲ့ပါတယ်။

Kim Young Chul က သူတို့ရဲ့ အင်္ဂလိပ်စကားပြောကို စမ်းသပ်တဲ့အနေနဲ့ SuperM ရဲ့ Album Concept က ဘယ်လိုမျိုးလဲလို့ အင်္ဂလိပ်လို မေးခဲ့ပါတယ်။ ဒီအခါမှာ Baekhyun က “Mark ရေ” လို့ဆိုပြီး အဲဒီမေးခွန်းကို Mark ထံ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

Baekhyun ကသူ့ရဲ့ အင်္ဂလိပ်စကားပြောဟာ မကောင်းကြောင်း၊ ဒါကြောင့် Mark ကို အမြဲတမ်း လိုအပ်တာဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။ “ကျွန်တော်က အင်္ဂလိပ်က မကောင်းပါဘူး။ ဒါကြောင့် ကျွန်တော့်ရဲ့ဘေးနားမှာ Mark ကို အမြဲတမ်း လိုအပ်တာပါ”လို့ Baekhyun က ဆိုခဲ့ပါတယ်။

အဲဒီနောက် SuperM အဖွဲ့ဝင်တွေက စိတ်ဝင်စားဖွယ်အကြောင်းအရာမျိုးစုံကို ပြောဆိုခဲ့ပြီး ပျော်စရာကောင်းခဲ့တာ တွေ့ရပါတယ်။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page