K pop

■ မိသားစုရဲ့ အကြွေးတွေကို ဆပ်ပေးခဲ့တဲ့ သမီးအလိမ္မာလေး Chungha

– – – Chungha ဟာ မိဘကျေးဇူးသိတတ်တဲ့ အဖိုးတန် သမီးအလိမ္မာတစ်ယောက်ဆိုတာ ထင်ထင်ရှားရှား သိနိုင်မှာပါ။

တလောက ပြုလုပ်ခဲ့တဲ့ အင်တာဗျူးအစီအစဉ်မှာတော့ တောင်ကိုရီးယားကြယ်ပွင့်အဆိုတော် Chungha ဟာ သူမရဲ့ဝင်ငွေ လည်ပတ်ပုံကို ဖွင့်ဟသွားခဲ့ပါတယ်။ Chungha ဟာ Producer 101 အစီအစဉ်ကနေ မွေးထုတ်ပေးလိုက်တဲ့ I.O.I အဖွဲ့နဲ့အတူ ပွဲထွက်နိုင်ခဲ့တာပါ။

အဲဒီကနေ Chungha ဟာ နာမည်ကျော် Idol တစ်ယောက်ဖြစ်လာပြီး အောင်မြင်မှုများစွာ ရယူနိုင်ခဲ့ပါတယ်။ Chungha ဟာ သူမအနေနဲ့ မိသားစုရဲ့အကြွေးတွေကို ဆပ်ပေးရကြောင်း ဆိုခဲ့ပါတယ်။

“တလောကတုန်းက ကျွန်မမိသားစုရဲ့အကြွေအားလုံးကို ဆပ်ပေးခဲ့ပြီးပြီ။ အမေက ပြောတယ်။ ကျွန်မရဲ့ ပိုက်ဆံတွေကို သူမသုံးရက်ဘူးတဲ့။ ကျွန်မက အမေကိုသုံးဖို့ ပြောပေမယ့် အမေက တစ်ခါမှ မသုံးခဲ့ဘူး။ ပြီးခဲ့တဲ့ ခရစ္စမတ်မှာတုန်းက ကျွန်မက အမေ့ကို ဈေးကြီးတဲ့အိတ်လက်ဆောင်ပေးခဲ့သေးတယ်”
– Chungha

ဆက်လက်ပြီး Chungha က သူမအနေနဲ့ အမေ့ဆီက တစ်လအသုံးစရိတ်မုန့်ဖိုး ကိုရီးယားဝမ် (၅) သိန်း ရရှိကြောင်း၊ သူမ အဲဒီထက်ပိုပြီး လိုအပ်ရင်လည်း အမေက ပေးကြောင်း ဆိုခဲ့ပါတယ်။ ဒါ့အပြင် သူမအနေနဲ့ အမေဖြစ်သူနဲ့ ခရီးအတူတူ သွားချင်ကြောင်းလည်း ဆိုခဲ့ပါတယ်။

Chungha ကတော့ တကယ့်ကို သမီးအလိမ္မာလေးတစ်ယောက်လို့ပဲ ဆိုရမှာပါ။
-Chi Ko

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page