K pop

■ ကျောင်းတော်က ပြဿနာတွေကြောင့် (G)I-DLE အဖွဲ့မှာ အဖွဲ့ဝင်တစ်ဦး နုတ်ထွက်ခဲ့ရ

– – – – သူမဟာ အဖွဲ့ဝင်မဟုတ်တော့ဘဲ (G)I-DLE က အဖွဲ့ဝင် (၅)ဦးနဲ့ ဆက်လက်ဖြတ်သန်း …

ကျောင်းတော်က အနိုင်ကျင့်မှုပြဿနာ ကောလာဟလတွေ ထွက်ပေါ်လာပြီးနောက်မှာတော့ (G)I-DLE အဖွဲ့ဝင် Soojin က အဖွဲ့က နုတ်ထွက်လိုက်ပြီလို့ သူတို့ရဲ့ အေဂျင်စီ Cube Entertainment က သြဂုတ် (၁၄)ရက်မှာ ကြေညာခဲ့ပါတယ်။

Soojin အနေနဲ့ စွပ်စွဲချက်တွေ၊ ပြဿနာတွေအားလုံးကို ငြင်းဆန်ခဲ့ပြီး အဲဒီလို အတိတ်မျိုးမရှိဘူးလို့ ဆိုခဲ့ပေမဲ့ အဖွဲ့အပေါ် ထိခိုက်လာတာကြောင့် အခုလို နုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့တာလို့ သိရပါတယ်။

Cube Entertainment ရဲ့ ထုတ်ပြန်မှာတော့ “အားလုံး မင်္ဂလာပါ။ Cube Entertainment ဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ ကျွန်တော်တို့ အနုပညာရှင် Sooojin ရဲ့ ပြဿနာတွေနဲ့ ပတ်သက်လို့ စိတ်ပူစေခဲ့တဲ့အတွက် တောင်းပန်ပါတယ်။

ဒီနေ့မှာတော့ ကျွန်တော်တို့အနေနဲ့ Sooojin ဟာ (G)I-DLE အဖွဲ့က နုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်ပြီဆိုတာကို ကြေညာချင်ပါတယ်။ (G)I-DLE အဖွဲ့ဟာ အဖွဲ့ဝင် (၅)ဦးနဲ့ ဆက်လက်ရပ်တည်သွားမှာပါ။ ကျွန်တော်တို့အနေနဲ့ (G)I-DLE အဖွဲ့ကို အကောင်းဆုံးဆက်လက်ထောက်ပံ့သွားမှာဖြစ်ပြီး သူတို့ရဲ့ဂီတပိုမိုတိုးတက်အောင် ကူညီသွားမှာပါ”လို့ ဖော်ပြပါရှိပါတယ်။

Soojin ဟာ ကျောင်းတော်ပြဿနာတွေ ပေါ်ပေါက်ပြီးနောက်မှာ မတ်လက စတင်ပြီး (G)I-DLE အဖွဲ့ရဲ့ လှုပ်ရှားမှာ ပါဝင်ခြင်းမရှိဘဲ အနားယူနေခဲ့ရတာပါ။ Soojin နဲ့ Cube Entertainment တို့က အဲဒီပြဿနာတွေကို ငြင်းဆန်ခဲ့ပေမဲ့ လမ်းခွဲတဲ့အထိ ဖြစ်လာခဲ့တာပါ။

Ref: Soompi

 

-Zawgyi

■ ေက်ာင္းေတာ္က ျပႆနာေတြေၾကာင့္ (G)I-DLE အဖဲြ႕မွာ အဖဲြ႕၀င္တစ္ဦး ႏုတ္ထြက္ခဲ့ရ

– – – – သူမဟာ အဖဲြ႕၀င္မဟုတ္ေတာ့ဘဲ (G)I-DLE က အဖဲြ႕၀င္ (၅)ဦးနဲ႔ ဆက္လက္ျဖတ္သန္း …

ေက်ာင္းေတာ္က အႏုိင္က်င့္မႈျပႆနာ ေကာလာဟလေတြ ထြက္ေပၚလာၿပီးေနာက္မွာေတာ့ (G)I-DLE အဖဲြ႕၀င္ Soojin က အဖဲြ႕က ႏုတ္ထြက္လုိက္ၿပီလုိ႔ သူတုိ႔ရဲ႕ ေအဂ်င္စီ Cube Entertainment က ၾသဂုတ္ (၁၄)ရက္မွာ ေၾကညာခဲ့ပါတယ္။

Soojin အေနနဲ႔ စြပ္စဲြခ်က္ေတြ၊ ျပႆနာေတြအားလုံးကုိ ျငင္းဆန္ခဲ့ၿပီး အဲဒီလုိ အတိတ္မ်ဳိးမရွိဘူးလုိ႔ ဆုိခဲ့ေပမဲ့ အဖဲြ႕အေပၚ ထိခုိက္လာတာေၾကာင့္ အခုလုိ ႏုတ္ထြက္ဖုိ႔ ဆုံးျဖတ္ခဲ့တာလုိ႔ သိရပါတယ္။

Cube Entertainment ရဲ႕ ထုတ္ျပန္မွာေတာ့ “အားလုံး မဂၤလာပါ။ Cube Entertainment ျဖစ္ပါတယ္။ ပထမဆုံးအေနနဲ႔ ကၽြန္ေတာ္တုိ႔ အႏုပညာရွင္ Sooojin ရဲ႕ ျပႆနာေတြနဲ႔ ပတ္သက္လုိ႔ စိတ္ပူေစခဲ့တဲ့အတြက္ ေတာင္းပန္ပါတယ္။

ဒီေန႔မွာေတာ့ ကၽြန္ေတာ္တုိ႔အေနနဲ႔ Sooojin ဟာ (G)I-DLE အဖဲြ႕က ႏုတ္ထြက္ဖုိ႔ ဆုံးျဖတ္လုိက္ၿပီဆုိတာကုိ ေၾကညာခ်င္ပါတယ္။ (G)I-DLE အဖဲြ႕ဟာ အဖဲြ႕၀င္ (၅)ဦးနဲ႔ ဆက္လက္ရပ္တည္သြားမွာပါ။ ကၽြန္ေတာ္တုိ႔အေနနဲ႔ (G)I-DLE အဖဲြ႕ကုိ အေကာင္းဆုံးဆက္လက္ေထာက္ပံ့သြားမွာျဖစ္ၿပီး သူတုိ႔ရဲ႕ဂီတပုိမုိတုိးတက္ေအာင္ ကူညီသြားမွာပါ”လုိ႔ ေဖာ္ျပပါရွိပါတယ္။

Soojin ဟာ ေက်ာင္းေတာ္ျပႆနာေတြ ေပၚေပါက္ၿပီးေနာက္မွာ မတ္လက စတင္ၿပီး (G)I-DLE အဖဲြ႕ရဲ႕ လႈပ္ရွားမွာ ပါ၀င္ျခင္းမရွိဘဲ အနားယူေနခဲ့ရတာပါ။ Soojin နဲ႔ Cube Entertainment တုိ႔က အဲဒီျပႆနာေတြကုိ ျငင္းဆန္ခဲ့ေပမဲ့ လမ္းခဲြတဲ့အထိ ျဖစ္လာခဲ့တာပါ။

Ref: Soompi

You cannot copy content of this page