— – – -Fangirl တွေရဲ့ အိပ်မက်ဟာ အမှန်တကယ်ဖြစ်နိုင်ကြောင်း ဂျပန်သူလေးက အကောင်းဆုံးသက်သေ …
ကိုရီးယားမင်းသား Lee Ji Hoon ဟာ ၂၀၀၈ ထုတ် You Are My Destiny ဇာတ်လမ်းတွဲမှာ Girls’ Generation အဖွဲ့ဝင် YoonA နဲ့ ခေါင်းဆောင်မင်းသားအဖြစ် သရုပ်ဆောင်ခဲ့သူဖြစ်ပြီး Excalibur နဲ့ Kinky Boots တို့ Musical တွေမှာလည်း သရုပ်ဆောင်ခဲ့သူပါ။
သူဟာ ဂျပန်အမျိုးသမီးတစ်ဦးဖြစ်တဲ့ Miura Ayane နဲ့ လက်ထပ်ထားပြီး သူတို့ရဲ့ အချစ်ဇာတ်လမ်းဟာ ပရိသတ်တွေ အကြား စိတ်ဝင်စားမှုကို ရရှိနေပါတယ်။ ဘာကြောင့်လဲဆိုတော့ Miura Ayane က Lee Ji Hoon ထက် (၁၄)နှစ်ကြီးသလို၊ သူမဟာ Lee Ji Hoon နဲ့ အမာခံပရိသတ်တစ်ဦးဖြစ်တာကြောင့်ပါပဲ။ သူတို့ ဇာတ်လမ်းက ဒီလိုပါ။
Miura Ayane ဟာ မိခင်ဖြစ်သူကြောင့် ကိုရီးယားဇာတ်လမ်းတွဲတွေကို စတင်ကြည့်ရှုခဲ့ပြီး မင်းသား Lee Ji Hoon ကို စိတ်ဝင်စားခဲ့တာပါ။ Lee Ji Hoon ကို စိတ်ဝင်စားတာကြောင့် ကိုရီးယားဘာသာစကားကို လေ့လာခဲ့ပြီး နောက်ပိုင်းမှာတော့ ကိုရီးယားမှာ ကောလိပ်တက်ခဲ့ကာ သာဘာပြန်အဖြစ် လုပ်ကိုင်ခဲ့ပါတယ်။
ကောလိပ်တက်ရင်းနဲ့ Miura Ayane ဟာ Musical တွေကို သွားရောက်ကြည့်ရှုလေ့ရှိပြီး ဘာကြောင့်လဲဆိုတော့ Musical တွေမှာ မင်းသား Lee Ji Hoon သရုပ်ဆောင်လေ့ရှိတာကို သိတာကြောင့်ဖြစ်ပြီး သူ သရုပ်ဆောင်တဲ့ Musical တိုင်းကို အဆက်မပြတ်သွားရောက်ခဲ့တာပါ။
တိုက်ဆိုင်တာလို့ ပြောရမလား။ ကံကောင်းတာလို့ ပြောရမလား။ တစ်နေ့မှာတော့ Miura Ayane နဲ့ သူငယ်ချင်းတစ်ယောက်ဟာ Lee Ji Hoon ကိုလည်း သိသူဖြစ်ပြီး Musical Show အပြီးမှာ သူမကို Lee Ji Hoon နဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ Musical Show အပြီး ပါတီကိုလည်း Miura Ayane တက်ရောက်ခွင့်ရခဲ့တာပါ။
အဲဒီပါတီပွဲအပြီးမှာတော့ သူတို့ဟာ ဖုန်းနံပါတ်ချင်း လဲခဲ့ပြီး Miura Ayane က သူမရဲ့ဘဝကို ပြောင်းလဲပေးခဲ့တဲ့ မင်းသား Lee Ji Hoon ကို ကျေးဇူးတင်ကြောင်း ပြောကြားချင်ခဲ့ပါတယ်။ တကယ်လို့ Lee Ji Hoon ရဲ့ ပရိသတ်သာ မဖြစ်ခဲ့ဘူးဆိုရင် သူမအနေနဲ့ ကိုရီးယားစာကို လေ့လာစရာ အကြောင်းမရှိသလို၊ ကိုရီးယားကို လာစရာ အကြောင်းလည်း မရှိပါဘူး။
အဲဒီနေ့က Miura Ayane ဟာ Lee Ji Hoon ကို ဖုန်းဆက်ခဲ့ပေမဲ့ အဆင်မပြေခဲ့ပါဘူး။ ဒါပေမဲ့ လက်မလျှော့တဲ့ Miura Ayane ဟာ Lee Ji Hoon ကို ဒုတိယအကြိမ် ဆက်သွယ်ခဲ့ပြီး အဆင်ပြေခဲ့ပေမဲ့ သူမ အစာအိမ်ရောင်နေတာရယ်၊ COVID-19 ကပ်ရောဂါရယ်ကြောင့် သူတို့ရဲ့ တွေ့ဆုံခွင့်မရခဲ့ပါဘူး။
ဒါပေမဲ့ Miura Ayane ဟာ လက်မလျှော့ခဲ့ဘဲ Lee Ji Hoon နဲ့ တွေ့ဆုံဖို့ ကြိုးစားခဲ့ရာမှာတော့ စတုတ္ထအကြိမ်မှာ တွေ့ဆုံခွင့်ရရှိခဲ့ပါတယ်။ Lee Ji Hoon က သူ့အနေနဲ့ Miura Ayane ရဲ့ ကျေးဇူးတင်စကားကြောင့် သူမကို တွေ့ဖို့ ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။
သူတို့ တွေ့ပြီးနောက်မှာတော့ Lee Ji Hoon ဟာ Miura Ayane ကို ကြွေသွားခဲ့တာဖြစ်ပြီး နောက်ဆုံးမှာတော့ သူတို့နှစ်ယောက်ဟာ လက်ထပ်ခဲ့ကြတာ ဖြစ်ပါတယ်။
Ref: Koreaboo
-Zawgyi
■ ပရိသတ္ဘ၀မွသည္ ဇနီးသည္အျဖစ္သုိ႔
— – – -Fangirl ေတြရဲ႕ အိပ္မက္ဟာ အမွန္တကယ္ျဖစ္ႏုိင္ေၾကာင္း ဂ်ပန္သူေလးက အေကာင္းဆုံးသက္ေသ …
ကုိရီးယားမင္းသား Lee Ji Hoon ဟာ ၂၀၀၈ ထုတ္ You Are My Destiny ဇာတ္လမ္းတဲြမွာ Girls’ Generation အဖဲြ႕၀င္ YoonA နဲ႔ ေခါင္းေဆာင္မင္းသားအျဖစ္ သ႐ုပ္ေဆာင္ခဲ့သူျဖစ္ၿပီး Excalibur နဲ႔ Kinky Boots တုိ႔ Musical ေတြမွာလည္း သ႐ုပ္ေဆာင္ခဲ့သူပါ။
သူဟာ ဂ်ပန္အမ်ဳိးသမီးတစ္ဦးျဖစ္တဲ့ Miura Ayane နဲ႔ လက္ထပ္ထားၿပီး သူတုိ႔ရဲ႕ အခ်စ္ဇာတ္လမ္းဟာ ပရိသတ္ေတြ အၾကား စိတ္၀င္စားမႈကုိ ရရွိေနပါတယ္။ ဘာေၾကာင့္လဲဆုိေတာ့ Miura Ayane က Lee Ji Hoon ထက္ (၁၄)ႏွစ္ႀကီးသလုိ၊ သူမဟာ Lee Ji Hoon နဲ႔ အမာခံပရိသတ္တစ္ဦးျဖစ္တာေၾကာင့္ပါပဲ။ သူတုိ႔ ဇာတ္လမ္းက ဒီလုိပါ။
Miura Ayane ဟာ မိခင္ျဖစ္သူေၾကာင့္ ကုိရီးယားဇာတ္လမ္းတဲြေတြကုိ စတင္ၾကည့္႐ႈခဲ့ၿပီး မင္းသား Lee Ji Hoon ကုိ စိတ္၀င္စားခဲ့တာပါ။ Lee Ji Hoon ကုိ စိတ္၀င္စားတာေၾကာင့္ ကုိရီးယားဘာသာစကားကုိ ေလ့လာခဲ့ၿပီး ေနာက္ပုိင္းမွာေတာ့ ကုိရီးယားမွာ ေကာလိပ္တက္ခဲ့ကာ သာဘာျပန္အျဖစ္ လုပ္ကုိင္ခဲ့ပါတယ္။
ေကာလိပ္တက္ရင္းနဲ႔ Miura Ayane ဟာ Musical ေတြကုိ သြားေရာက္ၾကည့္႐ႈေလ့ရွိၿပီး ဘာေၾကာင့္လဲဆုိေတာ့ Musical ေတြမွာ မင္းသား Lee Ji Hoon သ႐ုပ္ေဆာင္ေလ့ရွိတာကုိ သိတာေၾကာင့္ျဖစ္ၿပီး သူ သ႐ုပ္ေဆာင္တဲ့ Musical တုိင္းကုိ အဆက္မျပတ္သြားေရာက္ခဲ့တာပါ။
တုိက္ဆုိင္တာလုိ႔ ေျပာရမလား။ ကံေကာင္းတာလုိ႔ ေျပာရမလား။ တစ္ေန႔မွာေတာ့ Miura Ayane နဲ႔ သူငယ္ခ်င္းတစ္ေယာက္ဟာ Lee Ji Hoon ကုိလည္း သိသူျဖစ္ၿပီး Musical Show အၿပီးမွာ သူမကုိ Lee Ji Hoon နဲ႔ မိတ္ဆက္ေပးခဲ့ပါတယ္။ Musical Show အၿပီး ပါတီကုိလည္း Miura Ayane တက္ေရာက္ခြင့္ရခဲ့တာပါ။
အဲဒီပါတီပဲြအၿပီးမွာေတာ့ သူတုိ႔ဟာ ဖုန္းနံပါတ္ခ်င္း လဲခဲ့ၿပီး Miura Ayane က သူမရဲ႕ဘ၀ကုိ ေျပာင္းလဲေပးခဲ့တဲ့ မင္းသား Lee Ji Hoon ကုိ ေက်းဇူးတင္ေၾကာင္း ေျပာၾကားခ်င္ခဲ့ပါတယ္။ တကယ္လုိ႔ Lee Ji Hoon ရဲ႕ ပရိသတ္သာ မျဖစ္ခဲ့ဘူးဆုိရင္ သူမအေနနဲ႔ ကုိရီးယားစာကုိ ေလ့လာစရာ အေၾကာင္းမရွိသလုိ၊ ကုိရီးယားကုိ လာစရာ အေၾကာင္းလည္း မရွိပါဘူး။
အဲဒီေန႔က Miura Ayane ဟာ Lee Ji Hoon ကုိ ဖုန္းဆက္ခဲ့ေပမဲ့ အဆင္မေျပခဲ့ပါဘူး။ ဒါေပမဲ့ လက္မေလွ်ာ့တဲ့ Miura Ayane ဟာ Lee Ji Hoon ကုိ ဒုတိယအႀကိမ္ ဆက္သြယ္ခဲ့ၿပီး အဆင္ေျပခဲ့ေပမဲ့ သူမ အစာအိမ္ေရာင္ေနတာရယ္၊ COVID-19 ကပ္ေရာဂါရယ္ေၾကာင့္ သူတုိ႔ရဲ႕ ေတြ႕ဆုံခြင့္မရခဲ့ပါဘူး။
ဒါေပမဲ့ Miura Ayane ဟာ လက္မေလွ်ာ့ခဲ့ဘဲ Lee Ji Hoon နဲ႔ ေတြ႕ဆုံဖုိ႔ ႀကိဳးစားခဲ့ရာမွာေတာ့ စတုတၳအႀကိမ္မွာ ေတြ႕ဆုံခြင့္ရရွိခဲ့ပါတယ္။ Lee Ji Hoon က သူ႕အေနနဲ႔ Miura Ayane ရဲ႕ ေက်းဇူးတင္စကားေၾကာင့္ သူမကုိ ေတြ႕ဖုိ႔ ဆုံးျဖတ္ခဲ့တာလုိ႔ ဆုိပါတယ္။
သူတုိ႔ ေတြ႕ၿပီးေနာက္မွာေတာ့ Lee Ji Hoon ဟာ Miura Ayane ကုိ ေၾကြသြားခဲ့တာျဖစ္ၿပီး ေနာက္ဆုံးမွာေတာ့ သူတုိ႔ႏွစ္ေယာက္ဟာ လက္ထပ္ခဲ့ၾကတာ ျဖစ္ပါတယ္။
Ref: Koreaboo