K pop

■ ဒီဇင်ဘာလမ်းမထက်က K-pop Comeback များ

— ဒီဇင်ဘာလမှာလည်း ပရိသတ်တွေအတွက် K-pop Comeback တွေက စောင့်မျှော်နေပါတယ်…

ဒီဇင်ဘာ 1 ရက်

BoA ဟာ ဒီဇင်ဘာလ 1 ရက်နေ့မှာ “BETTER” Full Album ကို ထုတ်လွှင့်ခဲ့ပါတယ်။

ONEUS အဖွဲ့ကလည်း ပထမဆုံး Digital Single “BBUSYEO” ကို ထုတ်လွှင့်ခဲ့သလို VANNER အဖွဲ့ဟာလည်း Second Single Album ကို ထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်။

ဒီဇင်ဘာ 4 ရက်

Katie ဟာ Mini Album “One Time Is Blue” ထုတ်လွှင့်မှာဖြစ်သလို ပရိသတ်တွေ စောင့်မျှော်နေတဲ့ NCT ရဲ့ Single “RESONANCE” လည်း ထွက်လာမှာဖြစ်ပါတယ်။

ဒီဇင်ဘာ 7 ရက်

IZ*ONE ရဲ့ Comeback ကတော့ (7)ရက်နေ့လာမှာဖြစ်ပြီး Mini Album “One-reeler: Act IV.” ဖြစ် ပါတယ်။ အမျိုးသားအဖွဲ့ The Boyz ကလည်း သူတို့ရဲ့ Debut (3)နှစ်ပြည့်နှစ်ပတ်လည်အတွက် “Chrismassy!” သီချင်းကို ထုတ်လွှင့်မှာပါ။

ဒီဇင်ဘာလ 9 ရက်

2PM အဖွဲ့ဝင် Jun.K ဟာ Solo Mini Album “20 mins” ကို ထုတ်လွှင့်မှာဖြစ်ပါတယ်။

ဒီဇင်ဘာ 10 ရက်

နာမည်ကြီး တစ်ကိုယ်တော် အဆိုတော် Chungha ဟာ ဇန်နဝါရီလမှာ ထုတ်လွှင့်မှာ Full Album ထဲက Pre-Release Single “X” ကို ထုတ်လွှင့်မှာဖြစ်ပါတယ်။

တစ်ကိုယ်တော်အဆိုတော်တစ်ဦးဖြစ်တဲ့ Baek Yerin ကလည်း Full Album “tellusboutyourself” ကို ထုတ်လွှင့်မှာပါ။

အမျိုးသားအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ GHOST9 ဟာ သူတို့ရဲ့ ပထမဆုံး Comeback Mini Album “PRE EPISODE 2: W.ALL” ကို ထုတ်မှာပါ။

ဒီဇင်ဘာ 11 ရက်

ONEWE အဖွဲ့ဟာ ဒီဇင်ဘာလ 11 ရက်နေ့မှာ single album “MEMORY: illusion” ကို ထုတ်လွှင့်မှာ ဖြစ်ပါတယ်။

ဒီဇင်ဘာ 14 ရက်

INFINITE အဖွဲ့ဝင် Sunggyu ဟာ Mini Album “INSIDE ME” နဲ့ Solo Comeback ပြုလုပ်မှာပါ။

ဒိတ်မသတ်မှတ်ရသေးတဲ့ Comeback များ

Super Junior ရဲ့ 10th full album “The Renaissance” ၊ Girls’ Generation အဇွဲ့ဝင်Taeyeon၊ Lee Seung Gi နဲ့ Baek A Yeon တို့ဟာ ဒီဇင်ဘာလနှောင်းပိုင်းမှာ Comeback လုပ်မယ်လို့ ကြေ ညာထားပေးမယ့် ထွက်မယ့်ရက်အတိအကျကိုတော့ ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။

-m2t
Ref: Soompi

You cannot copy content of this page