— သြဂုတ်လ Female Group Brand Reputation Rankings ထိပ်ဆုံးမှာ ဘယ်သူတွေ ရပ်တည်ခဲ့သလဲဆိုတာ….
သြဂုတ်လအတွက် Female Group Brand Reputation Rankings (30) Group စာရင်းကို Korean Business Research Institute ထုတ်ပြန်ခဲ့ပါပြီ။
သြဂုတ်လအတွက် Female Group Brand Reputation Rankings (30) Group စာရင်းရဲ့ ထိပ်ဆုံး နံပါတ် (၁)နေရာမှာ နာမည်ကျော် BLACKPINK အဖွဲ့က ဦးဆောင်နိုင်ခဲ့ပါတယ်။ BLACKPINK အဖွဲ့ ဟာ Brand Reputation Index (3,243,108) ရရှိပြီး ထိပ်ဆုံးမှာရပ်တည်ခဲ့တာပါ။
ပြီးခဲ့တဲ့ နှစ်လ ဆက်တိုက်ထိပ်ဆုံးမှာ ဦးဆောင်ခဲ့တဲ့ aespa အဖွဲ့ကတော့ ဒီလ နံပါတ် 2 နေရာမှာ သာရပ်တည်ခဲ့ပြီး Brand Reputation Index (2,708,017)ရရှိခဲ့ပါတယ်။ နံပါတ် 3 မှာတော့ Red Velvet အဖွဲ့ကရပ်တည်ခဲ့ပြီး Brand Reputation Index (2,493,441) ရရှိခဲ့ပါတယ်။ Brave Girls ၊ TWICE အဖွဲ့တို့ကတော့ နံပါတ် 4 နဲ့ 5 နေရာမှာသာ ရပ်တည်ခဲ့ကြပါတယ်။
Korean Business Research Institute ဟာ ဇူလိုင် 15 ရက်နေ့ကနေ သြဂုတ် 15 ရက်နေ့အထိ Female Group တွေရဲ့ အနုပညာလှုပ်ရှားမှုတွေ၊ မီဒီယာတွေရဲ့ဖော်ပြမှုတွေ၊ ဆိုရှယ်မီ ဒီယာမှာ ကျော်ကြား မှုတွေ စတဲ့ အချက်အလက်တွေကို တွက်ချက်ပြီး တစ်လအတွင်း ပေါ်ပြူလာ အဖြစ်ဆုံး ဒီစာရင်း ထုတ်ပြန်တာလည်း ဖြစ်ပါတယ်။
သြဂုတ်လအတွက် Female Group Brand Reputation Rankings (30) Group စာရင်း
1# BLACKPINK ၊ 2# aespa ၊ 3# Red Velvet ၊ 4# Brave Girls ၊ 5# TWICE ၊ 6# Girls’ Generation ၊ 7# Oh My Girl ၊ 8# MAMAMOO ၊ 9# Lovelyz ၊ 10# LOONA
11# LABOUM ၊ 12# Dreamcatcher ၊ 13# ITZY ၊ 14# APRIL ၊ 15# Apink ၊ 16# Girl’s Day ၊ 17# STAYC ၊ 18# MOMOLAND ၊ 19# (G)I-DLE ၊ 20# fromis_9
21# CLC ၊ 22# woo!ah! ၊ 23# EXID ၊ 24# Weeekly ၊ 25# Weki Meki ၊ 26# cignature ၊ 27# WJSN ၊ 28# f(x) ၊ 29# CAMILA ၊ 30# DIA
-m2t
Ref: Soompi