K pop

■ (G)I-DLE Soojin ထွက်ခွာသွားမှုနဲ့ပတ်သက်ပြီး ဝေဖန်ခံနေရတဲ့ မင်းသမီး Seo Shin Ae

— (G)I-DLE အဖွဲ့ဝင် Soojin ထွက်ခွာသွားမှုနဲ့ပတ်သက်ပြီး အတန်းဖော်မင်းသမီးတစ်ဦးဖြစ်တဲ့ Seo Shin Ae ဟာ ပရိသတ်တွေရဲ့ ဝေဖန်မှုနဲ့ ရင်ဆိုင်နေရ…

သြဂုတ်လ 14 ရက်နေ့က (G)I-DLE အဖွဲ့ဝင် Soojin ဟာ ကျောင်းတော်တုန်းက အနိုင်ကျင့်မှုပြဿ နာ ကောလာဟလ တွေကြောင့် အဖွဲ့ကနေ နုတ်ထွက်လိုက်ပြီလို့ ကြေညာခဲ့ပါတယ်။ ပြီးခဲ့တဲ့ မတ်လ ကတည်းက (G)I-DLE အဖွဲ့ဝင် Soojin ကို ကျောင်းတော်တုန်းက အနိုင်ကျင့်မှုတွေရှိခဲ့တယ်လို့ စွပ်စွဲ မှုတွေရှိခဲ့ပြီး Soojin ကလည်း ဒီစွပ်စွဲမှုတွေကို ငြင်းဆန်ခဲ့ပါတယ်။

ဒါပေမဲ့ Soojin ရဲ့ ကျောင်းတော်တုန်းက အတန်းဖော်တစ်ဦးဖြစ်တဲ့ မင်းသမီး Seo Shin Ae ဟာ Soojin ရဲ့ အနိုင်ကျင့်မှုပြဿနာကို Instagram မှာ ထောက်ခံခဲ့တာကြောင့် ပရိသတ်တွေအကြား ဝေးဝေးဝါးဝါးဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ Seo Shin Ae ဟာ သူမရဲ့ ပို့စ်ကို ပြန်ဖျက်ခဲ့ပါတယ်။ ဒါပေမဲ့ အခုအခါ (G)I-DLE အဖွဲ့ရဲ့ ပုံရိပ်ကို ထိခိုက်မှာစိုးရိမ်တဲ့အတွက် အဖွဲ့ကနေ နုတ်ထွက်လိုက် ပြီလို့ Soojin က ကြေညာခဲ့တာကြောင့် Soojin ရဲ့ ပရိသတ်တွေက မင်းသမီး Seo Shin Ae ကို သူများဘ၀ ဖျက်စီးတယ်ဆိုပြီး တံဆိပ်ကပ်ကာ ဝေဖန်နေကြတာဖြစ်ပါတယ်။

ပရိသတ်တွေဟာ မကြာသေးခင်က Seo Shin Ae တင်ထားခဲ့တဲ့ YouTube ဗီဒီယိုအောက်မှာ “ တစ်စုံတစ်ယောက်ရဲ့ အနာဂတ်က မင်းကြောင့် ပျက်စီးသွားပြီ” ၊ “ Soojin ရဲ့ အနာဂတ်ကို ဖျက်စီး ပြီး မင်းပျော်နေလား” ၊ “ အရှက်တရားမရှိတဲ့သူ” ၊ “ ငါတို့ရဲ့ Soojin ကို ဘာကြောင့် ဖျက်စီးရတာလဲ” ၊ “ လူတစ်ယောက်ကို ဖျက်စီးပြီး မင်းရဲ့ ဘဝမှာ ဂုဏ်ယူနေမှာပေါ့” စတဲ့ ဝေဖန်မှုတွေနဲ့ မှတ်ချက်ပြုခဲ့ ကြပါတယ်။

-m2t
Ref: Allkpop

You cannot copy content of this page