— Rain တစ်ယောက် ဘယ်လောက်ထိ ပေါ်ပြူလာဖြစ်သလဲဆိုရင် မုန့်ဖိုးတောင်မလိုပါဘူးတဲ့…
အဆိုတော် မင်းသားတစ်ဦးဖြစ်တဲ့ Rain ဟာ သူ့ရဲ့ YouTube Channel မှာ ဗီဒီယိုတစ်ခုကို တင်ခဲ့ ပြီး အဲဒီ ဗီဒီယိုက ငယ်စဉ်က သူတက်ခဲ့တဲ့ အထက်တန်းကျောင်းကို သွားလည်ခဲ့တာဖြစ်ပါတယ်။
ဗီဒီယိုထဲမှာ Rain ဟာ အထက်တန်းကျောင်းတုန်းက သူ့ရဲ့ အတန်းပိုင်းဆရာတစ်ဦးရယ် ကျောင်း စည်းကမ်းထိန်းသိမ်းရေးတစ်ဦးရယ် တွေ့ဆုံခဲ့ပြီး Rain ရဲ့ ကျောင်းတော်တုန်းက အကျောင်းအရာ အချို့ကို ပြန်ပြောခဲ့ကြပါတယ်။ Rain ဟာ သရုပ်ဆောင် Kim Moo Yul ၊ Entertainer Boom တို့နဲ့ တစ်ခန်းတည်းဖြစ်ပြီး သူတို့ရဲ့ ကျောင်းသားဓါတ်ပုံတွေကိုလည်း ပြသခဲ့ကြတာပါ။
နောက်ပြီး Rain က ရိုက်ကူးရေးအဖွဲ့ကို သူ ကျောင်းတော်တုန်းက ဘယ်လောက်ထိ ပေါ်ပြူလာဖြစ် တယ်ဆိုတာကို ကြွားခဲ့ပါတယ်။ “ မင်းတို့သိကြလား… ငါကျောင်းတော်တုန်းက ဘယ်လောက်ထိ ပေါ်ပြူလာဖြစ်သလဲဆိုတာ…ငါ လော့ခ်ကာထဲမှာ လက်ရေးစာတွေ၊ လက်ဆောင်တွေ၊ မုန့်တွေ ပြည့်နှက်နေတာပါပဲ။ လော့ခ်ကာ ဖွင့်လိုက်တိုင်း ဒီလက်ဆောင်တွေ ပြည့်နှက်နေတာဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။
အဲဒီအခါ အတန်းပိုင်ဆရာမက နောက်ပြောင်ပြီး “ လက်ဆောင်အများဆုံးရတာကတော့ မင်းသား Moo Yul ဖြစ်လိမ့်မယ်” လို့ ပြောတဲ့အခါ Rain က ရယ်မောခဲ့ပါတယ်။ ထပ်ပြီးတော့ Rain က “ သူ့ အနေနဲ့ ကျောင်းမှာ ရှိတဲ့အမှတ်တရဆိုရင် ဘယ်တော့မှာ မုန့်စားရဖို့ ကျောင်းကန်တင်းကို သွားစရာ မလိုတာပါပဲ။ ဘာလို့လည်းဆိုတော့ မုန့်လက်ဆောင်တွေက အမြဲတမ်းရနေလို့ဖြစ်ပါတယ်” လို့ပြောခဲ့ ပါတယ်။
နောက်ပြီး Rain က ကျောင်းတော်တုန်းက သူဟာ ဒိတ် 1 ဦး ၊ 2 ဦးလုပ်ခဲ့ပါသေးတယ်လို့လည်း ဖွင့်ဟခဲ့ပါတယ်။
-m2t
Ref: SBSstar