—- Girls’ Generation အဖွဲ့ဝင် Hyoyeon က Yuri ရဲ့ Drinking Habit နဲ့ပတ်သက်ပြီး ဘယ်လို ဖောက်သည်ချထားလဲဆိုတာကို…
သြဂုတ်လ 12 ရက်နေ့က ထုတ်လွှင့်ပြသခဲ့တဲ့ ‘Dalla Studio’ မှာ ပါဝင်ခဲ့တဲ့ Girls’ Generation အဖွဲ့ဝင် Hyoyeon ဟာ သူမအနေနဲ့ တစ်ခါတစ်ရံ အပန်းဖြေ အရက်သောက်လေ့ရှိတဲ့ ပတ်ဝန်း ကျင်ကို နှစ်သက်ကြောင်း Girls’ Generation အဖွဲ့ဝင် ဘယ်သူတွေနဲ့ သောက်လေ့ရှိတယ်ဆို တာကိုပါ ဖွင့်ဟခဲ့ပါတယ်။
Girls’ Generation အဖွဲ့ဝင် Hyoyeon က “ ကျွန်မဟာ တစ်ခါတစ်လေ အပန်းဖြေအရက်သောက် လေ့ရှိတဲ့ ပတ်ဝန်းကျင်ကို နှစ်သက်ပါတယ်။ ဂေါ့ဖ်ကစားခြင်းနဲ့ပတ်သက်ပြီး Yuri နဲ့ ကျွန်မ ခဏခဏ တွေ့ဆုံလေ့ရှိပါတယ်။ Sooyoung နဲ့လည်း မကြာခဏတွေ့ပြီး Seohyun နဲ့ကတော့ အရက်သောက် ဖော်သောက်ဖက်တွေဖြစ်ပါတယ်” လို့ ပြောပြခဲ့ပါတယ်။
Girls’ Generation အဖွဲ့ဝင်တွေရဲ့ အရက်သောက်ရင်ပြုလုပ်တတ်တဲ့ အကျင့်တွေနဲ့ပတ်သက်ပြီး တော့လည်း Hyoyeon က “ အဖွဲ့ထဲမှာ ဒီလိုအကျင့်ရှိတဲ့သူတော့ မရှိဘူးလို့ ကျွန်မ ထင်ပါတယ်။ ဒါပေမဲ့ ကျွန်မဟာ Yuri နဲ့ပတ်သက်ပြီး ပုံပြင်တစ်ပုဒ်တော့ရှိပါတယ်။ အဲဒီတုန်းက တစ်နေရာဆီမှာ ကျွန်မတို့သောက်ခဲ့ပြီး တွေ့ဆုံခဲ့ကြတာပါ။ Yuri ကို တွေ့တဲ့အချိန်မှာ သူမရဲ့ ရှေ့သွားကို ကျွန်မ မမြင်ခဲ့ပါဘူး။ နီးလာတဲ့အချိန်မှသာ သူမရဲ့ အရှေ့သွားကို ဘာလို့မမြင်ရသလဲဆိုတာကို သတိထား မိခဲ့တာပါ။ ဘာလို့လည်းဆိုတော့ ကျွန်မနဲ့ မတွေ့ခင် Yuri ဟာ ဝိုင်တွေကို အများကြီးသောက်ခဲ့ပါ တယ်။ အဲဒီလိုဖြစ်နေတာတောင် Yuri က ကျွန်မကို ဘာမှမသောက်ဖူးလို့ ငြင်းနေပါသေးတယ်” လို့ ပြောခဲ့ပါတယ်။
-m2t
Ref: Allkpop