—- ဒီ GOT7 အဖွဲ့ဝင် သူတို့ရဲ့ စီနီယာ မမချောချောကို အခုအချိန်အထိ မျက်လုံးချင်းဆိုင်ပြီး ကြည့် ဖို့တောင် ရှက်နေဆဲပါတဲ့…
အဆိုပါ GOT7 အဖွဲ့ဝင်ကတော့ Bam Bam ပဲဖြစ်ပါတယ်။ သြဂုတ်လ 12 ရက်နေ့က JYP Entertainment က မွေးထုတ်ပေးထားတဲ့ နာမည်ကျော် အနုပညာရှင်မောင်နှစ်မတွေဖြစ်တဲ့ Sunmi နဲ့ Bam Bam တို့ဟာ SBS POWER FM’s radio show ‘Cultwo Show’ အစီအစဉ်မှာ ဧည့်သည်အနေနဲ့ ပါဝင်ခဲ့ကြပါတယ်။
အစီအစဉ်အတွင်းမှာ Host ဖြစ်သူ Kim Tae Kyun က “ Bam Bam မင်း ဒီနေ့အတော်လေး တိတ်နေ ပါလား။ ဘာလဲ…ဒီနေ့ Sunmi ရဲ့ လက်ထောက်လုပ်ဖို့လာတာလား” ဆိုပြီး နောက်ခဲ့ပါတယ်။
ဒါကို Bam Bam က ရယ်မောပြီး “ နိုး…နိုး…ဒါပေမဲ့ ကျွန်တော် စီနီယာ Sunmi နဲ့အတူရှိနေရင် အ နည်းငယ်ရှက်နေတာပါ။ သူမနဲ့ မျက်လုံးတောင် မဆုံနိုင်အောင် ရှက်နေတာပါ” လို့ ပြောခဲ့ပါတယ်။ အဲဒီအခါ အခြား Host တစ်ဦးဖြစ်သူ Shin Bong Seon ကလည်း “ အရင်တုန်းက မင်းတို့ဟာ အေဂျင် စီတစ်ခုတည်းပဲမဟုတ်ဘူးလား” လို့ ထပ်မေးခဲ့ပါတယ်။
Bam Bam က “ ရက်စ်…ဒါကြောင့်ပဲ Sunmi ကို ကျွန်တော် ရှက်နေတာပါ။ စီနီယာ Sunmi Debut စလုပ်တုန်းက ကျွန်တော် ငယ်ငယ်လေးပဲရှိပါသေးတယ်။ အဲဒီကတည်းက ကျွန်တော်တို့ ရင်းနှီးတယ် ဆိုပေမယ့် ကျွန်တော့် နှလုံးသားထဲမှာ စီနီယာက ကြီးမားတဲ့ Cele တစ်ဦးအဖြစ် မြင်နေတုန်းပဲဖြစ်ပါ တယ်” လို့ ပြောခဲ့ပါတယ်။
Sunmi ကလည်း Bam Bam ကို “ Bam Bam ဟာ အလွန်ထူးခြားတဲ့ သူဖြစ်ပါတယ်။ ပြောရမယ်ဆို ရင်ဟာ အာရှမင်းသားလေးတစ်ဦးပေါ့” လို့ ချီးကျူးတဲ့အခါ Bam Bam ကလည်း “ Noona (အစ်မ) ကလည်း Queen Of Korea ပါနော်” ဆိုပြီး ပြောခဲ့ပါတယ်။
-m2t
Ref: SBSstar