— ငယ်စဉ်က Jisoo ရဲ့ ရယ်ရွှင်စရာအဖြစ်အပျက်တစ်ခုဟာ BLINK တွေရဲ့ တစ်နေ့တာကို အပျော် တွေနဲ့ ကုန်ဆုံးစေပါလိမ့်မယ်။
BLACKPINK အဖွဲ့မမကြီး Jisoo ဟာ ငယ်စဉ်က Santa Claus ယုံကြည်မှုဘယ်အချိန်မှာ ရပ်တန့် သွားသလဲလို့ ထင်ပါသလဲ။ ဒီအကြောင်းကို ပရိသတ်တစ်ဦးကို Jisoo ကို မေးမြန်းခဲ့တာပါ။
ပရိသတ်တစ်ဦးက Jisoo ကို “ မင်းအနေနဲ့ Santa Claus ဟာ အပြင်မှာတကယ်မရှိဘူးဆိုတာကို ဘယ်အချိန်မှာ သတိထားမိသွားတာလဲ” လို့မေးမြန်းခဲ့တာပါ။
ဒါကို Jisoo က “ ကျွန်မ မှတ်မိသလောက် (၆)နှစ်အရွယ်တုန်းက ဖြစ်မယ်ထင်တယ်။ ကျွန်မ အိပ်နေ တဲ့အချိန်မှာ လက်ဆောင်ကြီးကြီးတစ်ခုကို အဖိုးနဲ့ အမေက ဘီရိုထဲမှာ ဖွက်နေခဲ့တာပါ။ သူတို့တွေက တော့ ကျွန်မ အိပ်နေတယ်လို့ ထင်ပြီး လုပ်နေကြတာဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီတုန်းက အိပ်မပျော် သေးပါဘူး။ မသိသာလေးချောင်းကြည့်နေခဲ့တာပေါ့။
နောက်နေ့ကျတော့ မိသားစုက ‘အိုး…ကြည့်ပါဦး…လက်ဆောင်ကြီး… Santa Claus က သမီးအိပ် နေတုန်းထားခဲ့တာ’ လို့ ပြောခဲ့ပါတယ်။ ကျွန်မက အဲဒီတုန်းက သူတို့တွေ သရုပ်ဆောင်တာကောင်း တယ်လို့ ထင်ခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ လက်ဆောင်မပေးမှာကိုလည်း စိုးရိမ်ပါတယ်။ သူတို့တွေ ဘီရို ထဲ လက်ဆောင်ထည့်တာမြင်ပေမယ့် မသိလိုက်ဘာသာပဲနေပြီး လက်ဆောင်ယူခဲ့ပါတယ်” လို့ ရယ်မောပြီး ပြောခဲ့ပါတယ်။
-m2t
Ref: SBSstar