— တရုတ်ပရိသတ်တွေက K-pop သီချင်းတွေနားထောင်တဲ့အခါ…Korean Show တွေကြည့်တဲ့ အခါ ဒီလိုမျိုးအကျင့်လေးတွေဖြစ်သွားတယ်လို့ ဆိုကြပါတယ်။
မကြာသေးခင်က ပေါ်ပြူလာဖြစ်တဲ့ တရုတ် Community Forum တစ်ခုဟာ တရုတ်ပရိသတ်တွေ ကို K-pop သီချင်းတွေနားထောင်တဲ့အခါဖြစ်ဖြစ် Korean Show တွေကြည့်တဲ့ အခါဖြစ်ဖြစ် ဘာအ ကျင့်တွေဖြစ်သွားလဲဆိုပြီး ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပါတယ်။ အဲဒီ တရုတ် ပရိသတ်တွေဟာ သူတို့ရဲ့ မြောက်များစွာသော အမြင်တွေကို ပြောပြခဲ့ကြသလို K-pop နဲ့ Korean Show တွေကြည့်ပြီး ဘာ အကျင့်လေးတွေဖြစ်သွားလဲဆိုတာကို ဖော်ထုတ်ခဲ့ကြပါတယ်။
“ တစ်ချိန်တည်းမှာပဲ ရယ်မောပြီး လက်ခုပ်တီးတဲ့အကျင့်ဖြစ်သွားပါတယ်”
“ ရာသီဥတုနဲ့လိုက်ဖက်တဲ့ သီချင်းအမျိုးအစားတွေ နားထောင်တတ်သွားတယ်”
“ ဘူလ်ဂိုဂီ(အမဲသား)နဲ့ ကြက်ကြော် {ကိုရီးယားအစားသောက်} ကြိုက်သွားတယ်”
“ တစ်ခါတစ်လေ စကားပြောနေရင်းနဲ့ ကိုရီးယားစကားအချို့ထွက်ထွက်လာတတ်တယ်”
“ Daebak (အာမေဋိတ်) တွေ အများကြီးပြောဖြစ်တယ်”
“ အရာရာတိုင်းကို သဘောကျရင် လက်ခုပ်တီးတတ်သွားတယ်”
“ ကော်ဖီအေးတွေ နေ့တိုင်း သောက်တတ်သွားတယ်”
“ မကြာခဏ ကိုရီးယားအစားအစာတွေ စားဖြစ်သွားတယ်”
“ လက်ရှိအချိန် ငါ ရဲ့နေ့စဉ်သုံးနေတဲ့ စကားလုံးတွေက ကိုရီးယားပါပဲ”
“ Ah-ssi တွေ အမြဲတမ်းပြောဖြစ်တယ်”
“ Aigo (အား…ဂိုး…) အမြဲတမ်းပြောဖြစ်တယ်”
“ ကားမောင်းတဲ့အချိန်မှာ ရုတ်တရက် ဆဲမိတာတွေ လုပ်တတ်တယ်”
“ Sheebal (ရှီဗား{ကိုရီးယားလို ဆဲခြင်း} လို့ ရုတ်တရက်ပြောတတ်သွားတယ်”
“ ကိုရီးယား Slang တွေ သုံးတတ်သွားတယ်”
“ BIG BANG . . . “
အထက်ပါ အမြင်တွေနဲ့ အကျင့်တွေကို တရုတ် ပရိသတ်တွေက ပြောပြခဲ့ကြသလို K-pop နဲ့ Korean Show တွေကြည့်ပြီး ဖြစ်လာတာပါလို့ ဖော်ထုတ်ခဲ့ကြပါတယ်။ မြန်မာပြည်က ပရိသတ်တွေကရော K-pop နဲ့ Korean Show တွေကြည့်ပြီး ဘာအကျင့်လေးတွေဖြစ်သွားပါသလဲ ???
-m2t
Ref: Allkpop