K pop

■ K-pop လောက ကနေ အနားယူဖို့ စဉ်းစားခဲ့ဖူးတဲ့ Taeyang

— BIG BANG အဖွဲ့ဝင် Taeyang က အတိတ်မှာတုန်းက ခက်ခဲတဲ့အချိန်ရှိခဲ့ပြီး K-pop လောက ကနေ အနားယူဖို့အထိ စဉ်းစားခဲ့ဖူးတယ်လို့ ဖွင့်ဟခဲ့ပါတယ်။

ဒီအကြောင်းကို Documentary ‘WHITE NIGHT’ အပိုင်း 4 မှာ Taeyang က ဖွင့်ဟခဲ့တာပါ။

Taeyang က “ အဲဒီအချိန်တုန်းက ရိုးသားစွာပြောရမယ်ဆိုရင် ကျွန်တော် ဘာမှကိုမလုပ်ချင်တော့ တာပါ။ ကျွန်တော့်အနေနဲ့ အဆိုတော်အဖြစ် အသက်ဝမ်းကြောင်းကို မလုပ်ချင်တော့တာပါ။ ဂီတ တွေရော ဘာမှကိုမလုပ်ချင်တော့တာပါ” လို့ ပြောခဲ့တာဖြစ်ပါတယ်။

ထပ်ပြီးတော့ Taeyang က ဘာကြောင့် ဒီလိုခက်ခဲတဲ့အချိန်ကို ရင်ဆိုင်ခဲ့ရတယ်ဆိုတာနဲ့ ဘယ်လို ကျော်လွှားသွားခဲ့လဲဆိုတာကို ရှင်းပြခဲ့ပါတယ်။

“ BIG BANG အဖွဲ့ရဲ့ လှုပ်ရှားမှုတွေပြီးတော့ ကျွန်တော့် Solo လှုပ်ရှားမှုတွေပြုလုပ်ခဲ့ပါတယ်။ ပြီး တော့ BIG BANG ရဲ့ Comeback ကိုပြန်လုပ်ပါတယ်။ ဆက်တိုက်ဆိုသလို မနားရဘဲလုပ်နေခဲ့ရတာ ကြောင့် စိတ်ပိုင်းဆိုင်ရင် မတည်ငြိမ်မှုတွေဖြစ်ပြီး ခက်ခဲခဲ့တာဖြစ်ပါတယ်။

အဲဒီတုန်းက ခက်ခဲမှုကို ရင်ဆိုင်ခဲ့ရတဲ့အချိန်တွေ နောင်တရလားဆိုတော့ မရဘူးလို့ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီခက်ခဲမှုတွေကနေ ကျွန်တော် သင်ယူနိုင်ခဲ့တယ်။ အကြောင်းအရာအများ ကြီး တွေးတောနိုင်ခဲ့တယ်။ ဘယ်လိုမျိုးလဲဆိုတော့… အလုပ်မပိအောင် ဘယ်လိုလုပ်ဆောင်ရမလဲဆို တာတွေ၊ လူတွေကို ဘယ်လိုဆက်ဆံရမလဲဆိုတာတွေ၊ ဘဝမှာ အရေးကြီးဆုံးက ဘာတွေလဲဆိုတာ ကို ရှာဖွေတွေ့ရှိခဲ့လို့ဖြစ်ပါတယ်။

ကျွန်တော် အဖြေတော်တော်များများကို ရှာဖွေနိုင်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းကသာ ခက်ခဲမှုတွေမရှိခဲ့ ရင် အခုကျွန်တော်ဆိုတာ ဖြစ်လာလိမ့်မှာမဟုတ်ပါဘူး”

-Taeyang

-m2t
Ref: SBSstar

You cannot copy content of this page