K pop

■ Ariana Grande နဲ့ ပတ်သက်ပြီး Yeri ရဲ့ချစ်စဖွယ် အမူအရာလေး တစ်ခု

– – -Ariana Grande ကြွေအောင် ဖမ်းစားခဲ့တဲ့ Yeri ရဲ့ အပြုအမူလေးက…

Red Velvet အဖွဲ့ဝင် Yeri ဟာ ကမ္ဘာကျော်ပေါ့စတား Ariana Grande ရဲ့ အမာခံပရိသတ် ဖြစ်ပါတ်ယ။

MMTG ရဲ့ အစီအစဉ်တင်ဆက်သူ Jaejae နဲ့ Red Velvet အဖွဲ့ဝင်တွေအနေနဲ့ Ariana အကြောင်း ပြောကြားရာမှာတော့ Yeri အနေနဲ့ တောင့်မခံနိုင် ဖြစ်ခဲ့ရပါတယ်။

Jaejae ဟာ Yeri နဲ့ Ariana တို့ရဲ့ Online ပေါ်က အပြန်အလှန် ဆက်သွယ်တာမျိုးနဲ့ ပတ်သက်ပြီး ပြောဆိုခဲ့တာပါ။ Yeri နဲ့ Ariana တို့ဟာ အွန်လိုင်းမှာ တစ်ယောက် Post ကို Like ပေးတာမျိုး၊ Comment တွေမှာ Reply ပြန်တာမျိုးတွေ ပြုလုပ်လေ့ရှိတာပါ။

ဒီအခါ Jaejae က Ariana နဲ့ အွန်လိုင်းမှာ အပြန်အလှန် စကားပြောဖြစ်လား မေးရာမှာတော့ Yeri က အဲဒီလိုမျိုး စကားပြောဆိုတာမျိုး မရှိဘူးလို့ ဆိုခဲ့ပါတယ်။

Ariana အကြောင်း ပြောဆိုရာမှာ Yeri အနေနဲ့ လုံးဝပျော်ရွှင်နေခဲ့ပြီး Ari-unnie လို့ သုံးနှုန်းခဲ့တဲ့အပေါ် Red Velvet အဖွဲ့ဝင်တွေကလည်း ပွဲကျခဲ့ကြပါတယ်။ အဲဒီနောက် Jaejae က Ariana ကို ဗီဒီယိုမက်ဆေ့ချ် ပေးပို့ဖို့ ပြောခဲ့ရာမှာတော့ Yeri က I love you လို့ပြောပြီး Kiss ပေးတဲ့ ချစ်စဖွယ် အမူအရာမျိုး လုပ်ပြခဲ့ပါတယ်။

-Ref: Koreaboo

You cannot copy content of this page