K pop

■ Jungkook ဆီမှာ လက်မွှေး ဆွဲနုတ်ခံလိုက်ရတဲ့ V ရဲ့ တုံ့ပြန်မှုက

— – – လက်မွှေးသုတေသနပညာရှင်ကတော့ V ရဲ့ တုံ့ပြန်မှုကို …

BTS အဖွဲ့ဟာ အငယ်ဆုံးလေးဖြစ်တဲ့ Jungkook ဟာ အဖွဲ့ထဲမှာ အစ်ကိုတွေရဲ့ အချစ်ခံကောင်လေးဖြစ်သလို၊ အစ်ကိုတွေကို အခွင့်ရရင် ရသလို နောက်ပြောင်စနောက်တတ်သူလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ BTS အဖွဲ့ဝင် အစ်ကိုတွေက Jungkook ရဲ့ အပြုအမူတွေနဲ့ပတ်သက်ပြီး ဗွေယူလေ့မရှိသလို၊ သူတို့ရဲ့ အငယ်ဆုံးလေးကိုလည်း ဘယ်သောအခါမှ အချစ်မလျှော့ခဲ့ပါဘူး။

တစ်ခါတုန်းကတော့ V အပေါ် Jungkook ရဲ့ စနောက်မှုက နည်းနည်းများတယ်လို့ ဆိုနိုင်ပါတယ်။ အင်တာဗျူးတစ်ခုအတွက် V နဲ့ Jungkook တို့ ဘေးချင်းကပ် ထိုင်နေချိန်မှာ Jungkook က V နဲ့ လက်မွှေးကို ဆွဲနုတ်ခဲ့တာ ဖြစ်ပါတယ်။

Jungkook နဲ့ မထင်မှတ်တဲ့ အပြုအမူကြောင့် V ဟာ အတော်လန့်သွားခဲ့ပုံပေါ်ပြီး Jungkook ရဲ့ ခေါင်းကို စနောက်တဲ့ ညီဖြစ်သူကို အစ်ကိုက ဆုံးမတဲ့အနေနဲ့ မနာအောင် အသာလေး ရိုက်ခဲ့တာပါ။

ဒါပေမဲ့ Jungkook ကတော့ သူ့ခေါင်းကို ဆုံးမသလို အသာလေးရိုက်ခဲ့တဲ့ V ကို စိတ်မဝင်စားဘဲ သူ နုတ်ခဲ့တဲ့ V ရဲ့ လက်မွှေးကိုသာ သုတေသနလုပ်နေခဲ့တာ ဖြစ်ပါတယ်။

Ref: Koreaboo

 

-Zawgyi








Ref: Koreaboo

You cannot copy content of this page