K pop

■ အိမ်မှာ တစ်ယောက်တည်းနေတဲ့အခါ နာရီပေါင်းများစွာကြာအောင် V လုပ်တတ်တဲ့အရာ

— – – BTS အဖွဲ့ V ကတော့ ထူးဆန်းတယ်ဆိုရမှာဖြစ်ပြီး သူ့လိုမျိုးတော့ …

ကမ္ဘာကျော် BTS အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တာနဲ့အညီ V ဟာ အနုပညာလှုပ်ရှားမှုတွေနဲ့ မနားရအောင် အလုပ်များတတ်သူ ဖြစ်ပါတယ်။ ဒါကြောင့် အိမ်မှာ တစ်ဦးတည်းနေတဲ့အခါ V အနေနဲ့ အဲဒါနဲ့ ပြောင်းပြန်လုပ်လေ့ရှိပါတယ်။

Weverse Magazine နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ “မင်းအနေနဲ့ နည်းပါးတဲ့ နားနေချိန်တွေမှာ အိမ်မှာ ဘာလုပ်လေ့ရှိသလဲ”လို့ BTS အဖွဲ့ဝင် V အမေးခံခဲ့ရပါတယ်။

အဲဒီမေးခွန်းကို V က “ကျွန်တော့်အနေနဲ့ ဘာမှ မလုပ်ဘဲ နားနေရတာကို ကြိုက်ပါတယ်။ ဒါကြောင့် အခန်းထဲမှာ ဘာမှမလုပ်ဘဲ နာရီပေါင်းများစွာ ထိုင်နေလေ့ရှိပါတယ်”လို့ ဆိုပါတယ်။

ဒါ့ပြင် V က သူ့အနေနဲ့ တစ်ခါတလေမှာတော့ ဗီဒီယိုတွေ ကြည့်လေ့ရှိတယ်လို့လည်း ဝန်ခံခဲ့သလို၊ သူ့အနေနဲ့ ကိုယ့်ကိုယ်ကို ပျော်အောင် နေထိုင်လေ့ရှိတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

Source: Weverse Magazine

 

-Zawgyi








You cannot copy content of this page